ယခုရာသီမှာ ၇ ပွဲစလုံး အနိုင်ရရှိထားတာပါ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က လီဗာပူးအသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် ၁၈ ပွဲဆက်နိုင်ပွဲရရှိထားတဲ့ စံချိန်ကို ချိုးဖျက်နိုင်မယ့်ပုံမပေါ်ကြောင်း ဝန်ခံပြောကြားခဲ့ပေမယ့် ယင်းအတွက် ဘယ်လိုနည်းနဲ့မှ စိတ်အနှောင့်အယှက်ဖြစ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲအထိ ဆက်တိုက်အနိုင်ရရှိထားပြီး ယခုရာသီ ၇ ပွဲ ကစားထားပြီးချိန်မှာ လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းကို ၅ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာဖြစ်ပါတယ်။



မန်ချက်စတာစီးတီးအသင်း တင်ရှိထားတဲ့ စံချိန်ကို လိုက်မီနိုင်ဖို့အတွက် လီဗာပူးအသင်းဟာ ထိပ်ဆုံးလေးနေရာအတွင်း ဝင်ရောက်နိုင်ဖို့ မျှော်လင့်နေတဲ့ လက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကို အနိုင်ယူရမှာဖြစ်ပြီး စပါးကိုသာ အနိုင်ရရှိခဲ့မယ်ဆိုရင် မန်စီးတီးရဲ့ စံချိန်ကို ချိုးဖျက်နိုင်မှာဖြစ်ပါတယ်။

ရှေ့မှာ ခက်ခဲတဲ့ပွဲစဉ်တွေရှိနေချိန်မှာ နည်းပြကလော့ပ်က လီဗာပူးအသင်းအနေနဲ့ အမှားအယွင်းမရှိဘဲ အနိုင်ရရှိလိမ့်မယ်လို့ မမျှော်မှန်းထားပေမယ့် ရက်ဘူးလ်ဆဲလ်ဘတ်နဲ့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်အပေါ်မှာ အာရုံစိုက်ထားတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“စိတ်ဝင်စားစရာပွဲစဉ်တွေက ရှေ့မှာရှိနေပါတယ်။ သိပ်တော့ ကောင်းမယ့်ပုံမရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးပမ်းသွားမှာပါ။ ပထမဆုံးနဲ့ အရေးအကြီးဆုံးက ဆဲလ်ဘတ်နဲ့ပွဲပါ။ ပြီးရင် လက်စတာနဲ့ပွဲပါ။ ပြီးရင်တော့ နိုင်ငံတကာအားလပ်ရက်ဖြစ်ပြီး အားလုံး ကောင်းကောင်းမွန်မွန်နဲ့ ပြန်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါက အရေးအကြီးဆုံးပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်ဗုဒ္ဓဟူးနေ့ညနေမှာ ရက်ဘူးလ်ဆဲလ်ဘတ်အသင်းကို အိမ်ကွင်းအန်းဖီးမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ နာပိုလီအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။



က္က