၁ဂိုးစီ သရေပွဲ ဖြစ်ပေါ်ခဲ့တာပါ။

၈၄ မိနစ်ကျမှ အီရန်တိုက်စစ်မှူး အလီရီဇာက နောက်ပြန်ကန်ချက်နဲ့ ဘရိုက်တန်အသင်းအတွက် ချေပဂိုး တစ်ဂိုး သွင်းပေးခဲ့တာပါ။

ဘရိုက်တန်နဲ့ အဝေးကွင်းပွဲမှာ ဦးဆောင်ဂိုးရထားပေမယ့် နည်းပြလမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းကတော့ ပွဲပြီးခါနီးမှ အီရန်တိုက်စစ်မှူး အလီရီဇာရဲ့ လှပသေသပ်တဲ့ နောက်ပြန်ကန်ချက်ကြောင့် နိုင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။



ပွဲကစားချိန် ၁၀ မိနစ်ကတည်းက အသင်းခေါင်းဆောင် အက်ဇ်ပလီကျူတာက ဦးဆောင်ဂိုးသွင်းပေးထားနိုင်ပြီး နောက်ထပ် ဦးဆောင်ဂိုးတွေကိုတော့ မသွင်းယူနိူင်ခဲ့ပါဘူး။

၈၄ မိနစ်အရောက်မှာတော့ ဘရိုက်တန်အသင်းရဲ့ အီရန်လက်ရွေးစင် တိုက်စစ်မှူး အလီရီဇာက ထောင့်ကန်ဘောက ခေါင်းတိုက်ပြီး ပြန်ကျလာတဲ့ ဘောလုံးကို ၁၅ ကိုက်အကွာကနေ လှလှပပ နောက်ပြန်ကန်သွင်းပြီး အိမ်ရှင်ဘရိုက်တန်အတွက် အဖိုးတန် သရေ တစ်မှတ်ကို ရယူပေးနိုင်ခဲ့တာပါ။

သရေ ကျခဲ့လို့ ဘရိုက်တန်အသင်းက အဆင့် ၁၃ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းကတော့ ချန်ပီယံလိဂ် ဝင်ခွင့်နေရာမှာ အဆင့် ၅က ယူနိုက်တက်အသင်းကို အမှတ်ကွာဟမှု နည်းစေဖို့ ဖြစ်နေခဲ့ပါပြီ။

လက်ရှိ ရမှတ် ၃၆ မှတ်ရထားပြီး ယူနိုက်တက်ထက် ၅ မှတ်သာနေပေမယ့် ယူနိုက်တက်က ဒီညမှာ အာဆင်နယ် အသင်းနဲ့ ကစားရဖို့ ရှိနေသေးတာကြောင့် ယူနိုက်တက်အနေနဲ့ အမှတ်ကွာဟမှု နည်းအောင် လျော့ချနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။

တစ်ချိန်တည်းမှာကစားခဲ့တဲ့ ဘန်လေနဲ့ ဗီလာအသင်းတို့ ပွဲမှာတော့ ဧည့်သည် ဗီလာအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့လို့ တန်းဆင်းဇုန်ထဲက ယာယီ ရုန်းထွက်ထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က