ဒီကနေ့ည ၇ နာရီ ကစားမှာပါ။
Kyaw Ko Ko Sint

လမ်းပတ်နည်းပြဘဝနဲ့ မော်ရင်ဟို ရင်ဆိုင်ထားတဲ့ ၂ကြိမ်စလုံး အရေးနိမ့်ထားတာကြောင့် အခု ၃ကြိမ် မြောက် တွေ့ဆုံမှုမှာ ပြန်လည်အသာစီးရယူနိူင်မလားစောင့်ကြည့်ရမှာပါ။

Image result for mourinho vs lampard

တပည့်ဟောင်း လမ်းပတ်ကို နည်းပြဘဝမှာ ပြန်လည်ရင်ဆိုင်ထားတဲ့ ၂ ကြိမ်စလုံး မော်ရင်ဟို အနိင်မယူနိုင်ပဲ ၂ပွဲစလုံး အရှုံး‌ပေးထားရတာပါ။

မော်ရင်ဟို ယူနိုက်တက်နည်းပြဘဝနဲ့တုန်းက လမ်းပတ်က ဒါဘီအသင်းကို နည်းပြအဖြစ် တာဝန်ယူချိန်မှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး အဲ့ဒီတုန်းက ကာရာဘောင်ဖလားပွဲမှာ လမ်းပတ်ရဲ့ ဒါဘီအသင်းက ပင် နယ်တီနဲ့ အနိုင်ယူခဲ့တာပါ။

ပြီးခဲ့တဲ့၂၀၁၉ ဒီဇင်ဘာမှာတုန်းကလည်း မော်ရင်ဟို စပါးနည်းပြ ဖြစ်လာချိန်မှာ လမ်းပတ်က ချဲလ်ဆီးနည်းပြ အဖြစ် တာဝန်ယူချိန် တွေ့ဆုံကြပြန်ရာမှာလည်း လမ်းပတ်ကသာ ၂-၀ နဲ့ အနိုင်ရခဲ့ပြန်တာပါ။

Image result for mourinho vs lampard

ဒါကြောင့် တွေ့ဆုံမှု ၂ ခုစလုံးမှာ လမ်းပတ်က အသာစီးရရှိထားတာ ဖြစ်ပြီး မော်ရင်ဟိုအနေနဲ့ ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ လမ်းပတ်ကို ရှုံးကြွေးပြန်ဆပ်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ မော်ရင်ဟိုအနေနဲ့ အဓိက တိုက်စစ်မှူးတွေ ဒဏ်ရာကြောင့် လက်လွှတ် ထားရတဲ့ အနေအထားမှာ အဝေးကွင်းလည်း ဖြစ်နေချိန် အနည်းငယ် ခက်ခဲလာနိုင်ပါတယ်။

ဒီကနေ့ည(စနေနေ့)မြန်မာစံတော်ချိန် ၇ နာရီမှာ ကစားမယ့် ပွဲက သူတို့နှစ်သင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲ လည်း ဖြစ်နေတာကြောင့် ပွဲကြီးပွဲကောင်းဖြစ်လာမယ့်လန်ဒန်ဒါဘီအဖြစ် ရှိနေပါတယ်။


က္က