ပရီးမီးယားလိဂ်ကစားသမားတွေအနေနဲ့ နေအိမ်မှာပဲ လေ့ကျင့်မှုတွေပြုလုပ်နေရတာပါ။

လန်ဒန်မြို့အနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်းအမြင့်ဆုံးနေရာတွေထဲက တစ်ခုဖြစ်နေတဲ့အတွက်အ ရေးပေါ်စောင့်ကြည့်စစ်ဆေးမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်းမြင့်တက်မှုများရှိနေဆဲဖြစ်တဲ့ လန်ဒန်မြို့တွင်းအခြေအနေအပေါ် ချဲလ်ဆီးအသ င်းရဲ့ တောင်ပံကစားသမားဝီလျံက မှတ်ချက်ပြုပြောဆိုခဲ့ပြီး ဗြိတိန်မြို့တော်အနေနဲ့ စစ်ပွဲတွေဖြစ်နေတဲ့ နေရာ တစ်ခုလိုဖြစ်နေခဲ့ပြီလို့ ထုတ်ဖော်ပြောဆိုမှုကို thesun က ဖော်ပြလာပါတယ်။



ချဲလ်ဆီးအသင်းရဲ့ လူငယ်တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ အော့ဒွိုင်းတွင် ရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရပြီးနောက် တစ်သင်းလုံးဆေးစစ်မှုခံယူခဲ့ရသလို ကစားသမားအများစုကို စောင့်ကြည့်အခြေအနေအ ဖြစ် သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။



“ တကယ်ကိုဆိုးရွားတဲ့အခြေအနေပါ။ လေ့ကျင့်မှုတွေပြုလုပ်ဖို့လည်း အခက်အခဲတွေရှိနေတယ်။ ဘယ်အချိန် ပြန်ကစားခွင့်ရမလဲဆိုတာလည်း မသေချာဘူးဖြစ်နေတယ်။ အိမ်မှာရှိနေတဲ့ ဝန်ထမ်းတွေဆိုရင်လည်းအရာရာ ကို သတိထားပြီး လုပ်ဆောင်နေရတာတွေက တကယ်ကို ဆိုးရွားလွန်းပါတယ်။ လန်ဒန်က စစ်မျက်နှာပြင်လို ဖြစ်နေပါပြီ ” လို့ ဝီလျံက ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဝီလျံအနေနဲ့ အခြားဘရာဇီးလက်ရွေးစင်အသင်းဖော်တွေလို နေရပ်ပြန်လိုနေတာဖြစ်ပြီး လန်ဒန်ရှိနေအိမ်မှာ မိ သားစုဝင်တစ်ဦးမှမရှိဘဲနေထိုင်ရတဲ့အခြေအနေကို စိတ်ပျက်နေတာဖြစ်ပြီး ပီအက်စ်ဂျီကစားသမားတွေဖြစ်တဲ့ နေမာ၊ သီယာဂိုဆေးဗားလ်တို့လို့ မွေးရပ်မြေဘရာဇီးကို ပြန်လိုတယ်လို့လည်း အသင်းတာဝန်ရှိသူတွေထံတော င်းဆိုမှုတွေပြုလုပ်ထားခဲ့တယ်လို့လည်း သိရပါတယ်။

ဥရောပနိုင်ငံများတွင် အီတလီနိုင်ငံက အဆိုးရွားဆုံးကူးစက်ခံနေရသူ သေဆုံးသူအရေအတွက်လည်း တိုးမြှင့် လာတဲ့အတွက် ဗြိတိန်နိုင်ငံအတွင်းမှာလည်း အရေးပေါ်အခြေအနေနဲ့အတူ ဆောင်ရွက်မှုများပြုလုပ်နေဆဲဖြစ် ပြီး ယမန်နေ့ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၇၈ယောက်ရှိထားသလို ကူးစက်ခံရသူအရေအတွက် ၄၂ဝဝနီးပါး ရှိနေခဲ့တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က