ဘယ်ဖက်ခြေကျင်းဝတ် ပြင်းထန်စွာကျိုးပဲ့သွားတာပါ။
Kyaw Ko Ko Sint

ဘယ်ဖက်ခြေကျင်းဝတ် ကြီးမားစွာ ကျိုးသွားခဲ့တာ ဖြစ်ပြီး ဒီလိုမျိုးအလားတူ ဖြစ်ရပ်မျိုးကိုတော့ ၂၀၁၀ ခုနှစ်က အာဆင်နယ်ကစားသမား အာရွန်ရမ်ဆေး ခံစားခဲ့ရပြီး အဲ့ဒီတုန်းကတော့ ရမ်ဆေးကို ရှောခရော့စ်က ဖြတ်ထုတ်ခဲ့တာပါ။

စနေနေ့က ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ စတုတ်စီးတီးအသင်းတို့ရဲ့ ရာသီကြို ခြေစမ်းပွဲမှာ စတုတ်နောက်ခံလူ ရှောခရော့စ် ကြောက်မက်ဖွယ် ခြေကျင်းဝတ်ဒဏ်ရာရရှိသွားပါတယ်။



ရှောခရော့စ်ခြေထောက်ကျိုးသွားတဲ့ ဗီဒီယိုဖိုင်

ပထမပိုင်းပွဲချိန်အတွင်း လက်စတာ တိုက်စစ်မှူး အယ်ဘရိုက်တန်ရဲ့ တိုက်စစ်ဆင်မှုကို ဂိုးစည်းပေါ်ကနေ အသည်းအသန် ဖြတ်ထုတ်ရင်း ဒဏ်ရာရရှိသွားတာလို့ Daily Mail က ဖော်ပြထားပါတယ်။

ဘောလုံးကို ညာခြေနဲ့ လျှောထိုးဖြတ်ထုတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ကျန်ခဲ့တဲ့ ဘယ်ဖက်ခြေက ညပ်ပြီး ကြောက်မက်ဖွယ် ကျိုးသွားခဲ့တာပါ။ ဒီဖြစ်စဉ်ကြောင့် ချက်ခြင်းဆိုသလို ကွင်းအတွင်း ဆေးကုသမှု အရေးပေါ် ပြုလုပ်ခဲ့ရပြီးနောက်မှာတော့ ထမ်းစင်နဲ့ ထမ်းထုတ်သွားခဲ့ရပါတယ်။

ရှောခရော့စ်ရဲ့ ဒဏ်ရာ နောက်ဆုံးအခြေအနေကိုတော့ နည်းပြ နသန်ဂျိုးနက်စ်က - “ အခုချိန်မှာ ပြောနိုင်တာ တစ်ခုတည်းက အရမ်းဆိုးရွားပါတယ်၊ အခြေအနေအသေးစိတ်ကိုတော့ စောင့်ကြည့်ရပါမယ်။” လို့ပဲ ပြောသွား ခဲ့ပါတယ်။

ရှောခရော့စ် အခုလို ကြောက်မက်ဖွယ် ဒဏ်ရာရရှိသွားချိန်မှာတော့ကွင်းအတွင်း အားပေးနေခဲ့တဲ့ နှစ်ဖက် အသင်း ပရိသတ်ကြီးက အားပေးမှု ပြုလုပ်ခဲ့ပြီး အဲဒီနောက်မှာတော့ လူမှုကွန်ရက်ကတဆင့်လည်း မက်ဆေ့များ ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် အချို့ တွစ်တာ အသုံးပြုသူ အာဆင်နယ်ပရိသတ်တွေကတော့ ရှောခရော့စ်ရဲ့ ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ၉ နှစ်လောက်က သူလုပ်ခဲ့တဲ့ အတိုင်း ပြန်ခံရတာလို့ မှတ်ချက်ပြု ရေးသားလာခဲ့တာလည်း တွေ့ရပါတယ်။

၂၀၁၀ ခုနှစ်က ကစားခဲ့တဲ့ စတုတ်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲမှာ ရှောခရော့ စ်ရဲ့ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုကြောင့် အာဆင်နယ်ကစားသမား အာရွန်ရမ်ဆေး(လက်ရှိ ဂျူဗင်တပ် ကစားသမား)ဟာ ဘောလုံးလောကကနေ တစ်နှစ်လောက် အနားယူခဲ့ရဖူးတာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က