ဒီနေ့မှာ အပြောင်းအရွှေ့ကို အပြီးသတ်တော့မှာပါ။
Pyae Phyo Thein

မနေ့ကညပိုင်းမှာ အပြောင်းအရွှေ့ကို အတည်ပြုခဲ့ကြတာဖြစ်ပြီး ချက်ချင်းဆိုသလိုပဲ ကစားသမားက အင်္ဂလန်ကို ထွက်ခွာလာခဲ့ပြီး အပြီးသတ်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။


ဘရူနိုဖာနန်ဒက်စ်အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ ယူနိုက်တက်နဲ့ စပို့တင်းအသင်းတို့က တရားဝင်ကြေညာခဲ့အပြီးမှာပဲ ဖာနန်ဒက်စ်ဟာ မန်ချက်စတာကို ကိုယ်ပို်င်လေယာဉ်နဲ့ ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။ မနေ့ကညပိုင်းမှာ အပြောင်းအရွှေ့ကို အတည်ပြုခဲ့ကြတာဖြစ်ပြီး ချက်ချင်းဆိုသလိုပဲ ကစားသမားက အင်္ဂလန်ကို ထွက်ခွာလာခဲ့ပြီး အပြီးသတ်မှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအသုံးပြုနေတဲ့ Lowry ဟိုတယ်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ ဒီနေ့မှာပဲ ဆေးစစ်မှုတွေ၊ စာချုပ်ချုပ်ဆိုမှုတွေကို ပြုလုပ်သွားမှာဖြစ်ပြီး ဖာနန်ဒက်စ်အနေနဲ့ ယူနိုက်တက်အသင်းရဲ့ တရားဝင်ကစားသမားဖြစ်လာဖို့က နာရီအနည်းငယ်သာလိုအပ်တော့ပြီး အသင်းပရိသတ်တွေအနေနဲ့လည်း သက်ပြင်းချနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ယူနိုက်တက်နဲ့ ဖာနန်ဒက်စ်တို့ရဲ့ အပြောင်းအရွှေ့ကိစ္စက တော်တော်လေးကြန့်ကြာနေခဲ့ပြီး စျေးကွက်ပိတ်သိမ်းခါနီးမှ သဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်က ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၅သန်းနဲ့ အပိုဆုကြေးယူရို ၂၅သန်း၊ တစ်ပတ်လုပ်ပေါင် ၇ သောင်းပေးချေသွားမယ်လို့ သိရပြီး လေးနှစ်ခွဲစာချုပ်ချုပ်ဆိုမှာဖြစ်ကာ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်မယ်လို့ သိရပါတယ်။ 

ဖာနန်ဒက်စ်အနေနဲ့ စပို့တင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ လေးဦးမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ သူ့အရင်မှာ စီရော်နယ်ဒို၊ နာနီနဲ့ ရိုဟိုတို့ရှိနေခဲ့ပြီး အဆိုပါကစားသမားတွေကလည်း အသင်းနဲ့အတူ အနည်းဆုံးဆုဖလား ၂လုံးစီ ဆွတ်ခူးနိုင်ခဲ့ကြကာ ဖာနန်ဒက်စ်အနေနဲ့လည်း ယူနိုက်တက်မှာအောင်မြင်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 


Author


က္က