တစ်ပွဲပယ်ပြစ်ဒဏ်နဲ့ဒဏ်ကြေးငွေချမှတ်ခံရဖို့ရှိနေခဲ့တာပါ။
Win Kyaw Min

ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာကနေတဆင့် လှောင်ပြောင်ဖော်ပြခဲ့တာပါ။

စပါးကွင်းလယ်ကစားသမားဖြစ်သူ ဒယ်လီအလီဟာ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့ခြင်းအပေါ် လူမှုကွန်ယက် စာမျက်နှာပေါ်ကနေတဆင့် လှောင်ပြောင်မှုများပြုလုပ်ခဲ့တဲ့အတွက် အက်ဖ်အေရဲ့စွဲချက်တင်ခြင်းခံခဲ့ရပြီးနော က် တစ်ပွဲပယ်ပြစ်ဒဏ်အပါအဝင် ဒဏ်ကြေးငွေပါ ချမှတ်ခံခဲ့ရတယ်လို့ thesun ရဲ့ဖော်ပြချက်အရသိရပါတယ်။

အက်ဖ်အေစည်းကမ်းထိန်းသိ်မ်းရေးတာဝန်ရှိသူတွေအနေနဲ့ ဒယ်လီအလီရဲ့ လုပ်ရပ်မှာ လူသားမဆန်တဲ့အပြု အမူဖြစ်ခဲ့သလို ပရော်ဖက်ရှင်နယ်ကစားသမားကောင်းမပီသတဲ့အခြေအနေဖြစ်ခဲ့တဲ့အတွက် စည်းကမ်းဥပဒေ တွေအရ အခုလိုအရေးယူမှုများပြုလုပ်ခဲ့ရတာဖြစ်တယ်လို့ အတည်ပြုသတင်းထုတ်ပြန်ခဲ့တာပါ။



ဒယ်လီအလီအနေနဲ့ မျက်နှာဖုံးဝတ်ဆင်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး ပြက်ရယ်ပြုလှောင်ပြောင်ခဲ့တဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီးနောက် ဝေဖန်မှုများနဲ့ရင်ဆိုင်ခဲ့ရပြီး ပြန်ဖျက်ပေးခဲ့ပေမယ့် မျှဝေသူများကြောင့် ပျံ့နှံ့သွားခဲ့တဲ့ ရုပ်သံဖိုင်ကြောင့် နောက်ပိုင်းတွင် တောင်းပန်မှုများပြုလုပ်ခဲ့ရပါသေးတယ်။

အရေးယူခံရယူမှုအတွက် ဒယ်လီအလီအနေနဲ့ အက်ဖ်အေထံအယူခံထုချေလွှာတင်သွင်းခွင့်ရှိနေခဲ့ပြီး အသင်းနဲ့ နီးစပ်တဲ့သတင်းဖော်ပြမှုတွေအရကတော့ ကာယကံရှင်အနေနဲ့ အမှားပြုလုပ်မိခဲ့ခြင်းအပေါ် တာဝန်ယူတဲ့အနေ ဖြင့် စည်းကမ်းထိန်းသိမ်းရေးရဲ့ ပြစ်ဒဏ်ချမှတ်ကို လက်ခံသွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူတွေအနေနဲ့ အခုနှစ်နောက်ပိုင်းတွင် လူမှုကွန်ယက်ပေါ်တွင်ပရိ သတ်အကြိုက်လှောင်ပြောင်ဖော်ပြလေ့ရှိသူများကို ထိထိရောက်ရောက်အရေးယူနေခဲ့ပြီး ဒယ်လီအလီရဲ့ဖြစ်ရပ် မတိုင်မီ အသင်းဖော်မန်ဒီကို လူမည်းပုံနဲ့ တွစ်တာပေါ်မှာ ရည်ရွယ်ချက်မရှိစနောက်ခဲ့တဲ့ မန်စီးတီးကွင်းလယ်က စားသမားဘာနာဒိုဆေးဗားလ်ကိုလည်း အရေးယူမှုပြုလုပ်ခဲ့တဲ့ မှတ်တမ်းများလည်းရှိနေခဲ့ပါတယ်။


Author

  • Win Kyaw Min

က္က