loading...

loading...

loading...

မန်စီးတီးနဲ့ပွဲမတိုင်ခင်မှာ ပြောင်းလဲပြီး အားပေးနေခဲ့ကြတာပါ။
Pyae Phyo Thein

အိမ်ကွင်းမှာဆို ခြေစွမ်းပိုမိုကောင်းမွန်လေ့ရှိတဲ့ ဘန်လေကြောင့် မန်စီးတီးအနေနဲ့ အခက်တွေ့ဖွယ်ရှိနေပြီး ဘန်လေရဲ့ ခြေစွမ်းအပေါ်မှာ လီဗာပူးလ်ပရိသတ်တွေက အားကိုးအားထားပြုနေပြီး တစ်ဖက်တစ်လမ်းကနေ အားပေးနေပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလားအတွက် မန်စီးတီး နဲ့ လီဗာပူးလ်တို့ အကြိတ်အနယ်ဖြစ်နေချိန်မှာ လီဗာပူးလ်အသင်းပရိသတ်တွေဟာ တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ ကစားရမယ့် ဘန်လေအသင်းက တိုက်စစ်မှူး အက်ရှ်လေဘားနက်ရဲ့ ပုံတွေကို Profile Picture အဖြစ် ပြောင်းလဲခဲ့ကြပြီးတော့ ဘန်လေအသင်းကို အားပေးနေခဲ့ကြတယ်လို့ Give Me Sports က ဖော်ပြခဲ့ပါတယ်။

မန်စီးတီး နဲ့ လီဗာပူးလ်တို့ဟာ ရမှတ် (၁)မှတ်သာ ကွာဟနေတာဖြစ်ပြီးတော့ ဒီနေ့မနက်က ကစားခဲ့တဲ့ပွဲမှာ လီဗာပူးလ်က ဟတ်ဒါဖီးလ်ကို (၅)ဂိုးပြတ်နဲ့ အနိုင်ယူပြီး မန်စီးတိးအသင်း ဘန်လေနဲ့ မကစားရသေးခင်မှာ (၂)မှတ်အသာပြန်ရသွားပြီး မန်စီးတီးကို ဖိအားပေးနိုင်ခဲ့ပါတယ်။ နှစ်ပေါင်း (၃၀)အတွင်း ပထမဆုံးအကြိမ်အဖြစ် လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလားရရှိဖို့ အခြေအနေအကောင်းဆုံးဖြစ်နေချိန်မှာ လီဗာပူးလ်ပရိသတ်တွေက အသင်းအနိုင်ရဖို့အတွက် တတ်နိုင်သမျှ ဝိုင်းဝန်းလုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာလည်း လီဗာပူးလ်အသင်းသားတွေကိုယ်တိုင် မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးမှုတွေ ပြုလုပ်ခဲ့ကြပြီး ယူနိုက်တက်အသင်းအနိုင်ရဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ မန်စီးတီးက အနိုင်ရခဲ့ပြီး လီဗာပူးလ်ထက် တစ်မှတ်အသာနဲ့ ရပ်တည်သွားနိုင်ခဲ့ပါတယ်။

ဘန်လေကတော့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးကို အဝေးကွင်းမှာ တစ်ဖက်နှစ်ဂိုးစီ သရေကစားနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ အိမ်ကွင်းမှာဆို ခြေစွမ်းပိုမိုကောင်းမွန်လေ့ရှိတဲ့ ဘန်လေကြောင့် မန်စီးတီးအနေနဲ့ အခက်တွေ့ဖွယ်ရှိနေပြီး ဘန်လေရဲ့ ခြေစွမ်းအပေါ်မှာ လီဗာပူးလ်ပရိသတ်တွေက အားကိုးအားထားပြုနေပြီး တစ်ဖက်တစ်လမ်းကနေ အားပေးနေပြီဖြစ်ပါတယ်။

ဘန်လေပရိသတ်တစ်ဦးဖြစ်တဲ့ ဗီဇက်ချ်ချီကီလီက ချယ်လ်ဆီးနဲ့ပွဲမှာ ကိုဗာဆစ်ကို လှောင်ပြောင်ခဲ့တဲ့ အက်ရှ်လေဘားနက်ရဲ့ ရုပ်ပုံကို Profile ချိန်းဖို့ တိုက်တွန်းခဲ့တာဖြစ်ပြီး ချီကီလီရဲ့ လုပ်ရပ်က အောင်မြင်ခဲ့ကာ လီဗာပူးလ်ပရိသတ်အများအပြားဟာ ဘားနက်စ်ရဲ့ ရုပ်ပုံကို သူတို့ရဲ့ လူမှုကွန်ယက်အကောင့်တွေမှာ Profile အဖြစ် ပြောင်းလဲနေခဲ့ကြပါတယ်။ လီဗာပူးလ်ကတော့ လက်ကျန်ပွဲတွေအဖြစ် နယူးကာဆယ်၊ ဝုလ်ဗ်တို့နဲ့ ကစားရမှာဖြစ်ပြီး မန်စီးတီးက ဘန်လေ၊ လက်စတာ၊ ဘရိုက်တန်တို့နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က