လက်ရှိမှာလည်း ဒဏ်ရာကြောင့် လက်ကျန်ပွဲအားလုံးကို မကစားနိုင်တော့ပါဘူး
Pyae Phyo Thein

အာဆင်နယ်အတွက် စုစုပေါင်း (၉၅)မိနစ်သာ ကစားခဲ့ရပြီး အဆိုပါ (၉၅)မိနစ်စာအတွက် အာဆင်နယ်ဟာ ပေါင် ၃.၂သန်းအထိ ကုန်ကျခဲ့တယ်လို့လည်း သိရပါတယ်။

ဘာစီလိုနာအသင်းကနေ အာဆင်နယ်ကို အငှားနဲ့ လာရောက်ကစားနေခဲ့တဲ့ ကွင်းလယ်လူဒန်းနစ်ဆွာရက်ဇ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို လွဲချော်တော့မှာဖြစ်ပြီး သူ့ရဲ့ ဒီရာသီအာဆင်နယ်ကစားသမားဘဝဟာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့သတင်းကို ဆွာရက်ဇ်က သူ့ရဲ့ တွစ်တာမှ ဖော်ပြခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှ ဘာစီလိုနာကနေ အငှားနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆွာရက်ဇ်ဟာ (၄)လတာကာအတွင်းမှာ အာဆင်နယ်အတွက် စုစုပေါင်း (၉၅)မိနစ်သာ ကစားခဲ့ရပြီး အဆိုပါ (၉၅)မိနစ်စာအတွက် အာဆင်နယ်ဟာ ပေါင် ၃.၂သန်းအထိ ကုန်ကျခဲ့တယ်လို့လည်း သိရပါတယ်။

ဆွာရက်ဇ်ကို အငှားခေါ်ယူမှုအတွက် ဘာစီလိုနာအသင်းကို ပေါင် ၂.၅သန်း အာဆင်နယ်က ပေးချေခဲ့ရပြီး ကစားသမားကိုတော့ တစ်ပတ်လုပ်ခ ပေါင် (၅၅၀၀၀) ပေးချေနေခဲ့ရတာဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၆)ပွဲသာ ကစားခဲ့ရတာဖြစ်ပြီး အဆိုပါ (၆)ပွဲမှာ တစ်ပွဲကိုပျမ်းမျှ (၁၅)မိနစ်သာကစားခဲ့ရပြီး ပရီးမီးယားလိဂ်ပွဲ (၄)ပွဲ ပါဝင်နေခဲ့ပါတယ်။

ပြိုင်ပွဲစုံ (၆)ပွဲစလုံးကို လူစားဝင်ကစားသမားအဖြစ်နဲ့သာ ပါဝင်ကစားပေးခဲ့ရတာဖြစ်ပြီး သွင်းဂိုးတစ်ဂိုးမှလည်း ရယူနိုင်ခဲ့ခြင်းမရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီအတွက်ကြောင့် ဆွာရက်ဇ်ကို ခေါ်ယူခဲ့တဲ့ အူနိုင်းအမ်မရီရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုက မေးခွန်းထုတ်စရာဖြစ်လာခဲ့ရပြီး အချည်းနှီးငွေဖြုန်းတီးမှုသက်သက်သာ ဖြစ်တယ်လို့လည်း ပရိသတ်တချို့က ဝေဖန်နေခဲ့ကြပါတယ်။

"ဒီရာသီမှာ ကျွန်တော် ဘောလုံးကစားနိုင်တော့မှာမဟုတ်ပါဘူး၊ ပေါင်ခြံဒဏ်ရာရရှိခဲ့တာဖြစ်ပြီးတော့ ဖေဖော်ဝါရီလအတွင်းက ကစားခဲ့တဲ့ ဘိုရီဆော့ဗ်နဲ့ပွဲစဉ်မှာ အဲဒီဒဏ်ရာ ရရှိခဲ့တာပါ၊ လက်ရှိမှာ ကျွန်တော် အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းမှုတွေကို အဆုံးသတ်လိုက်ပါပြီ၊ အသင်းအတွက် အားထုတ်ပေးနိုင်ခြင်းမရှိလို့ စိတ်မကောင်းပါဘူး" လို့ ဒန်းနစ်ဆွာရက်ဇ်က သူ့ရဲ့ တွစ်တာမှာ ရေးသားပြီး အာဆင်နယ်ပရိသတ်တွေကိုတောင်းပန်စကားပြောဆိုခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က