အိမ်မှာပါတီပွဲလုပ်ခဲ့တာပါ။

ဝေါ်လ်ကာရဲ့ လုပ်ရပ်က တစ်ကမ္ဘာလုံးရဲ့ စံပြပုဂ္ဂိုလ်တွေလို့ သတ်မှတ်ခြင်းခံထားရတဲ့ ဘောလုံးသမားတွေရဲ့ ဂုဏ်ကို တိုက်ရိုက်ချိုးဖောက်လိုက်သလိုပဲလို့ မန်စီးတီးက ထုတ်ပြန်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုကြောင့် ဗြိတိန်မှာ အသွားအလာ ကန့်သတ်ထားပြီး တတ်နိုင်ရင် အိမ်ထဲက အိမ်ပြင် မလိုအပ်ပဲ မထွက်ဖို့နဲ့ လူစုလူဝေး မလုပ်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။



ဒီအချိန်မှာ‌တော့ မန်စီးတီးအသင်းက နောက်ခံလူ ကိုင်လီဝေါ်လ်ကာဟာ ပြည့်တန်ဆာ နှစ်ဦးပါဝင်တဲ့ ပါတီပွဲတစ်ခုကို အိမ်မှာ ပြုလုပ်ခဲ့တဲ့အတွက် သက်ဆိုင်ရာရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရပြီ ဖြစ်ပြီး အပြစ်ဒဏ်ကျခံရဖို့ ရှိနေပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

ဝေါ်လ်ကာရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး မန်စီးတီးအသင်းကတော့ ဒါဟာ စံပြပုဂ္ဂိုလ်တွေအဖြစ် တစ်ကမ္ဘာလုံးက သတ်မှတ်ထားတဲ့ ခံယူချက်ကို တိုက်ရိုက်ချိုးဖောက်သလိုပါပဲလို့ ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားအုံးမယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကလပ်အသင်းရဲ့ ဝန်ထမ်းတွေ၊ကစားသမားတွေ အားလုံးက ကိုယ်တတ်နိုင်တဲ့အပိုင်းကနေ ကိုရိုနာဗိုင်းရပ်စ်ကို အမျိုးသားကျန်းမာရေး ဝန်ဆောင်မှုအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး တိုက်ထုတ်နေချိန်မှာ ဝေါ်လ် ကာရဲ့ လုပ်ရပ်က တိုက်ရိုက်ဆန့်ကျင်နေသလိုပါပဲလို့လည်း မန်စီးတီးအသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဖြစ်စဥ်ဖြစ်ပွားပြီးပြီးချင်းမှာပဲ ဝေါ်လ်ကာက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ ပြန်လည်တောင်းပန်ခဲ့ပြီး အခြားသူတွေကိုလည်း အိမ်မှာပဲ လုံခြုံစွာ နေကြပါလို့ တိုက်တွန်းခဲ့တဲ့ဗီဒီယိုတစ်ခု တင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးအသင်းကတော့ သူ့လုပ်ရပ်ကို စိတ်ပျက်နေပြီး အသင်းတွင်း စည်းကမ်းတွေအရ ပြစ်ဒဏ် ချမှတ်မှုတွေကို လာမယ့် ရက်ပိုင်းအတွင်း ပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ယူကေမှာတော့ တနင်္ဂနွေနေ့က နောက်ဆုံးရရှိထားတဲ့ သတင်းအရ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ၄၇၈၀၆ ဦးရှိနေပြီ ဖြစ်ပြီး သေဆုံးသူကတော့ ၄၉၃၄ ဦးရှိပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က