တံကောက်ကြောဒဏ်ရာရသွားတာပါ။
Kyaw Ko Ko Sint

မာနေးက အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်ပြီး ချန်ပီယံ ပြေးလမ်းမှာ အခုလို ဒဏ်ရာရသွားတာကတော့ ကလော့ပ် အတွက် အနည်းငယ် စိတ်ပျက်စရာ ဖြစ်လာခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ဝုလ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် မာနေးအနေနဲ့ ဘယ်လောက် ကြာကြာ အနားယူရမလဲဆိုတာကိုတော့ သောကြာနေ့မှာ ပြုလုပ်မယ့် ဆေးစစ်မှု အပြီးမှာသာ ပြောနိုင်မယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မာနေးအနေနဲ့ ဝုလ်နဲ့ ကစားခဲ့တဲ့ ပထမပိုင်းမှာပဲ တစ်ဦးတည်း ပြေးလွှားရင်း တံကောက်ကြော ဒဏ်ရာရရှိသွား တာ ဖြစ်ပါတယ်။



၃၃ မိနစ်မှာတော့ ဂျပန် တိုက်စစ်မှူး မီနာမီနိုနဲ့ လူစားလဲခဲ့ရပေမယ့် လီဗာပူး အသင်းကတော့ ၂-၁ နဲ့ အနိုင်ရရှိပြီး ပွဲ ၄၀ ဆက် လိဂ် ရှုံးပွဲမရှိ စံချိန်ကို တင်နိုင်ခဲ့ပါတယ်။

“ သိပ်မဆိုးပါစေနဲ့ မျှော်လင့်ပါတယ်၊ကြွက်သားနာတာပဲ ထင်ပါတယ်။အသေးစိတ် နားရမယ့် ရက်ကိုတော့ သောကြာနေ့ ဆေးစ်မှုတွေ အပြီးမှသာ သိနိုင်ပါမယ်။”လို့ ကလော့ပ်က BBC SPORTကို ပြောသွားပါတယ်။

လီဗာပူး အသင်းအနေနဲ့ အခုလို ဝုလ်ကို နိုင်သွားတဲ့အတွက် အင်္ဂလိပ် ဘောလုံးလောကမှာ ၃၅ ပွဲနိုင် ၅ ပွဲသရေ ရလဒ်နဲ့ ရှုံးပွဲ မရှိ အကြာဆုံး စံချိန်တင်နိုင်တဲ့ အသင်း၅ သင်းစာရင်း ဝင်ခဲ့ပါပြီ။

၁၉၇၇-၇၈ ခုနှစ်မှာ နော်ဝင်ဟမ်ဖောရက်စ်အသင်းက ၄၂ ပွဲ၊၂၀၀၃-၀၄မှာအာဆင်နယ်က ၄၉ ပွဲ၊၂၀၀၄-၀၅ မှာ ချဲလ်ဆီးက ပွဲ ၄၀၊၂၀၁၁ မှာ ဟတ်ဒါဖီးလ်က ၄၃ ပွဲ အသီးသီး ရှုံးပွဲမရှိ စံချိန်တွေကို ကိုယ်စီ လိဂ်တွေမှာ တင်ရှိ ထားတာပါ။

လီဗာပူး အနေနဲ့ အာဆင်နယ်အသင်းတင်ရှိထားတဲ့ ရှုံးပွဲမရှိ ၄၉ ပွဲ စံချိန်ကို လိုက်မီဖို့ ၉ ပွဲသာ လိုပါတော့တယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က