ချယ်လ်ဆီးနဲ့ပွဲအပြီးမှာ ချီးကျူးခဲ့တာပါ။
Pyae Phyo Thein

မိုနာကိုအသင်းမှာကစားနေတဲ့ ကွင်းလယ်လူဖာဘရီဂတ်စ်က ချယ်လ်ဆီးအသင်းဘက်ကို ၂ဂိုးသွင်းယူခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူးမာနေးက လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ စပိန်ကွင်းလယ်ကစားသမားက အသင်းဟောင်းကို ဂိုးတွေသွင်းခဲ့တဲ့ မာနေးရဲ့ ခြေစွမ်းအပေါ် တော်တော်လေးသဘောကျနေတာလည်းဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ကို ကြည့်ရှုခဲ့တဲ့ ဖာဘရီဂတ်စ်က သူ့ရဲ့တွစ်တာကတဆင့် ရေးသားပြောဆိုခဲ့တာဖြစ်ပြီး တီမိုဝါနာရဲ့ ဘောလုံးမရှိချိန်လှုပ်ရှားမှုတွေကိုလည်း ချီးကျူးခဲ့ပါသေးတယ်။ ၀ါနာကတော့ လီဗာပူးလ်ကို ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် သူ့ရဲ့လှုပ်ရှားမှုနဲ့ ကစားဟန်က ကောင်းမွန်တဲ့အနေအထားမှာရှိနေခဲ့တယ်လို့ ဖာဘရီဂတ်စ်က ယုံကြည်နေတာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် မာနေးကတော့ ချယ်လ်ဆီးနဲ့ပွဲမှာ ဒီရာသီ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ အဓိကကစားသမားအဖြစ် မာနေးက ရပ်တည်နေတာဖြစ်ပြီး ဖာမီနို၊ ဆာလာတို့နဲ့အတူ ကောငး်မွန်တဲ့ တိုက်စစ်အစုအဖွဲ့တစ်ခုကို ဖန်တီးထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၂ ဂိုးအထိ ရရှိခဲ့ပါတယ်။ 


ဖာဘရီဂတ်စ်က "ကျွန်တော် ထပ်ပြောပါမယ်၊ မာနေးက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားပါ" လို့ ရေးသားချီးကျူးခဲ့ပါတယ်။ ဆီနီဂေါတိုက်စစ်ကစားသမားဟာ လှပတဲ့ခေါင်းတိုက်သွင်းယူမှုနဲ့အတူ ချယ်လ်ဆီးဂိုးသမားကီပါရဲ့ လူပေးပုံအားနည်းချက်ကနေ တစ်ဂိုးသွင်းယူခဲ့ပြီး လီဗာပူးလ်အတွက် စတန်းဖို့ဒ်ဘရစ်ချ်မှာ အဖိုးတန်အနိုင်သုံးမှတ်ကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ 


Author


က္က