လာမယ့်အပတ်မှာ ထိပ်တိုက်တွေ့ဆုံနေပါပြီ။

နှစ်သင်းစလုံး ၁-၀ နဲ့အရေးနိမ့်နေကြပြီးမှ ပြိုဖက်တွေကို ကိုယ်စီ ၂-၁ နဲ့ ပြန်အနိုင်ယူခဲ့ကြတာပါ။

လာမယ့်တစ်ပတ်မှာ ထိပ်တိုက်တွေ့ကြရမယ့် လီဗာပူး-မန်စီးတီး ပွဲမတိုင်မီ မန်စီးတီး နည်းပြ ဂွါဒီယိုလာက လီဗာ ပူးတိုက်စစ်မှူး မာနေးကို ဒိုင်ဗင်သမားလို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။



လီဗာပူးအသင်းအနေနဲ့ ဗီလာအသင်းကို ၁-၀ နဲ့အရေးနိမ့်နေပေမယ့်ပွဲပြီးဖို့ ၈၇ မိနစ်နဲ့ နောက်ဆုံးအချိန်တွေမှာ ရော်ဘင်ဆန်၊မာနေးတို့ရဲ့ ဂိုးတွေနဲ့ ပြန်အနိုင်ရခဲ့တာပါ။



“ တစ်ခါတရံသူ ဒိုင်ဗင်ထိုးပါတယ်။တစ်ခါတရံမှာတော့ သူ့ရဲ့ အရည်အချင်းနဲ့ ဂိုးတွေ ရပါတယ်။သူ့မှာ ကိုယ်ပိုင် အရည်အချင်း ရှိပါတယ်။ဒါပေမယ့် ဒီ ဒိုင်ဗင်ထိုးတဲ့ လုပ်ရပ်တွေကိုတော့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက သူမကြာခဏ လုပ်ဆောင်ခဲ့ပါတယ်။အခုဖြစ်ရပ်က တစ်ကြိမ်၊နှစ်ကြိမ်ပဲဆိုရင်တောင် ကျွန်တော်တို့ ကံကောင်းပါတယ်။” လို့ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။

မာနေးအနေနဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာ ၃၇ မိနစ်မှာ ဒိုင်ဗင်ထိုးခဲ့လို့ ကွင်းလယ်ဒိုင်ရဲ့ အဝါကဒ်ပြသခြင်း ခံခဲ့ရပါတယ်။

“ လာမယ့်အပတ်မှာ ကျွန်တော်တို့ သူတို့အသင်းနဲ့ ကစားရပါမယ်။ကျွန်တော်တို့ တွေ့ရမယ့်အသင်းက ၁၀ပွဲနိုင်၊၁ ပွဲသရေကျထားတဲ့အသင်းပါ။အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပါမယ်။” လို့ ဂွါဒီယိုလာက ဆက်လက်ပြောပါတယ်။

ယခုတစ်ပတ်မှာ လီဗာပူးရော မန်စီးတီးပါ ပြိုင်ဖက်တွေကို ၁-၀ နဲ့ ကိုယ်စီအရေးနိမ့်နေပြီးမှ ၂-၁ဂိုးနဲ့ပြန်နိုင်ပြီး အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ကိုယ်စီ ဆက်လက်ရပ်တည်နေနိုင်ကြပါတယ်။

Share

Loading Next Article...
က္က