လီဗာပူးအနေနဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၁ဝပွဲလုံးအနိုင်ရရှိခဲ့တာပါ။
Win Kyaw Min

တိုက်စစ်မှူးမာနေးလ်အနေနဲ့ လီဗာပူးအသင်းအတွက် ကိုယ်စားပြုကစားပေးခဲ့တဲ့ပွဲ ၁၅ဝပြည့်မှာ အဖိုးတန်အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဖာမီနို၊ ဆာလက်ဒ်၊ မာနေးလ်လူစုံခဲ့တဲ့ လီဗာပူးအသင်းအနေနဲ့ အကောင်းဆုံးပုံစံရှိခဲ့ပေမယ့် ဧည့်သည့်ဝုလ်ဗာ ဟမ်တန်ရဲ့ ထင်မှတ်မထားတဲ့ ပုံစံကောင်းကြောင့် ပွဲအစကတည်းက အခက်အခဲအချို့နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ မ န်စီးတီးပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ထရာအိုရေးလ် ပွဲထွက်စာရင်းမှာမပါဝင်ခဲ့ပေမယ့် ဂျိုတာ၊ မော်တင်ဟို၊ နီဗက်စ်တို့နဲ့ ဝုလ်တို့ လူစုံခဲ့တယ်လို့ ဆိုရမှာပါ။

ပွဲအစပိုင်းမှာ နှစ်သင်းလုံးကအမှားစောင့်ကစားခဲ့ကြတယ်ဆိုပေမယ့် ဝုလ်ဗာဟမ်တန်ရဲ့ ကစားကွက်က လီဗာ ပူးကို ဖိအားအချို့ရှိလာစေပါတယ်။ ကြံ့ခိုင်မှုအသားပေးကစားလာတဲ့ ကိုရာဒီ၊ ဘန်းနက်ခံစစ်အတွက်ကလ ည်း ဆာလက်ဒ်၊ မာနေးလ်တို့ကို အကောင်းဆုံးထိန်းချုပ်တုံ့ပြန်ကစားနိုင်ခြင်းက ဝုလ်အတွက် အဓိကအားသာ ချက်တစ်ခုဖြစ်လာစေပါတယ်။

ပွဲချိန် ၂ဝနောက်ပိုင်းမှာတော့ လီဗာပူးတို့ကစားကွက်ပိုင်း အသာစီးအနည်းငယ်ရရှိလာခြင်းနဲ့အတူ အခွင့်အရေး အချို့ရလာခဲ့ပါတယ်။ ဒါပေမဲ့ ဝုလ်ရဲ့ တန်ပြန်တိုက်စစ်ကလည်း ထိရောက်တဲဲ့ခြိမ်းခြောက်မှုအချို့ပြုလုပ်နိုင်ခဲ့တဲ့ အတွက် အာနိုးလ်၊ ရော်ဘင်ဆင်တို့ တိုက်စစ်ကို လိုက်ပါကစားဖို့ မဝံ့မရဲဖြစ်ခဲ့ရတဲ့အထိ ဧည့်သည်အသင်းရဲ့က စားပုံက တည်ငြိမ်ခဲ့ပါတယ်။



ပွဲချိန်၄၂မိနစ်တော့ မာနေးလ်က လီဗာပူးအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ခြင်းက အငြင်းပွားဖွယ်ရာဖြစ်ခဲ့တဲ့ VAR ဆုံးဖြတ်ချက်ခံယူပြီးမှ ကွင်းလယ်ဒိုင်အန်တိုနီတေလာက ဂိုးအဖြစ်သတ်မှတ်ပေးခဲ့တဲ့အတွက် ပထမပိုင်း အပြီးမှာ ဝုလ်ဗာဟမ်တန်တို့ ၁-၀ ဂိုးရလဒ်နဲ့အရေးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံးလျင်မြန်မှုအသားပေးကစားလာတဲ့အတွက် အကြိတ်အနယ်ပိုရှိလာခဲ့ပြီးအခွင့် အရေးကိုယ်စီရရှိခဲ့သလို နှစ်ဖက်နောက်တန်းနဲ့ ခံစစ်သမားတွေကလည်း အတည်ငြိမ်ဆုံးရှိနေခဲ့တဲ့အတွက် ဂိုး ရရှိဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။

ပွဲချိန် ရဝနောက်ပိုင်းမှာ ဝုလ်ရဲ့တန်ပြန်တိုက်စစ်ကစားပုံက ထိရောက်မှုရှိခဲ့ပြီး ဂျီမီနက်ဇ်ဝင်လာတဲ့ တိုက်စစ်က ဗန်ဒိုက်ချ်ဦးဆောင်တဲ့ လီဗာပူးခံစစ်ကို အကောင်းဆုံးဖိအားပေးနိုင်ခဲ့ပြီး ဂိုးရလုနီးပါးအခြေအနေ ၂ကြိမ်လောက် အထိ နီးစပ်ခဲ့တာပါလည်းဖြစ်ပါတယ်။

နောက်ပိုင်းပွဲချိန်တွေမှာတော့နှစ်သင်းလုံးအခွင့်အရေးကိုယ်စီရရှိခဲ့ပေမယ့်တိုက်စစ်မှူးတွေကိုယ်စီအသုံးမ ချနိုင်ခဲ့လို့ ပွဲအပြီးမှာ လီဗာပူး တို့ မာနေးလ်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ အနိုင်ရလဒ်ဖန်တီးနိုင်ခဲ့ ပါတယ်။


က္က