ကစားသမားရဲ့ဖခင်နဲ့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေ ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် စပိန်ကွင်းလယ်ကစားသမား မာတာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် စောင့်ကြည့်နေတယ်လို့ The Sun ကဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်တောင်ပံကစားသမား မာတာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ စာချုပ်သက်တမ်းမတိုးခဲ့ဘူးဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာခွင့်ရမှာဖြစ်ပါတယ်။ အသက် ၃၀အရွယ် စပိန်ကစားသမားကို မန်ချက်စတာယူနိုက်တက်အသင်းက ၁၂သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ကမ်းလှမ်းထားပေမယ့် ကစားသမားကတော့ ဆွေးနွေးခြင်းမရှိသေးဘူးလို့ သတင်းတွေအရသိရပါတယ်။



ဘာစီလိုနာအသင်းက မာတာရဲ့လက်ရှိအခြေအနေကိုစောင့်ကြည့်နေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ The Sun ကဖော်ပြထားပါတယ်။ The Sun ရဲ့ဖော်ပြချက်အရ မာတာရဲ့အေးဂျင့်အဖြစ်ဆောင်ရွက်နေတဲ့ ကစားသမားရဲ့ဖခင်နဲ့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေ ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။ မာတာဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲစဉ်တိုင်းမှာ ပါဝင်ခွင့်မရပဲ ပွဲစဉ်အချို့မှာသာကစားခွင့်ရထားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၄ဘောလုံးရာသီက ချယ်လ်ဆီးအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၇.၁သန်းနဲ့ ပြောင်းရွှေ့ကစားနေသူပါ။ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ မာတာဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ကလပ်တွေကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိပဲ လာလီဂါကိုသာပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သိရပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က