၂၁ပွဲ ကစားအပြီး ၁၀ ဂိုး သွင်းယူထားပါတယ်။
Kyaw Ko Ko Sint

ချဲလ်ဆီးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးတစ်ဂိုးကို တစ်ကိုယ်တော် အစွမ်းနဲ့ သွင်း ယူပြခဲ့တာပါ။

၂၀၁၉-၂၀ဘောလုံးရာသီကုန်တာနဲ့ လာမယ့်နှစ်ကစတင်ပြီး အာဆင်နယ်အသင်းက လူငယ် တိုက်စစ်မှူး ဂါဘရီရယ် မာတီနယ်လီကို ယခုပေးချေနေတဲ့ လစာရဲ့ ၃ ဆအထိ တိုးမြှင့်ပေးသွားတော့မှာ ဖြစ်တယ်လို့ Daily Mail သတင်းဌာနကဖော်ပြလာပါတယ်။

ဂါဘရီရယ်က လက်ရှိမှာ တစ်လ ပေါင် တစ်သောင်းရရှိနေတာ ဖြစ်ပြီး လာမယ့် ရာသီသစ်ကစပြီး တစ်ပတ် ပေါင် ၃သောင်းရရှိတော့မှာ ဖြစ်ပါတယ်။

အခုလို လုပ်ခတိုးမြှင့်ပေးရခြင်းကလည်း မာတီနယ်လီအနေနဲ့ အာဆင်နယ်အသင်းကို ရောက်ရှိချိန်ကစပြီး ပြိုင်ပွဲစုံ ၂၁ ပွဲကစားအပြီး ၁၀ ဂိုးအထိသွင်းယူထားနိုင်တာပါ။

မနှစ်ကမှ ဘရာဇီးကလပ်ဆာပေါ်လိုကနေ ပြောင်းရွှေ့ကြေး ပေါင် ၆.၃ သန်းနဲ့ ခေါ်ယူထားတာ ဖြစ်ပြီး အသက်ကတော့ ၁၈ နှစ်သာရှိသေးတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာလည်း အသင်းအတွက် အရေးပါတဲ့ ချေပဂိုးတစ်ဂိုးကို တစ်ကိုယ်တော်အစွမ်းနဲ့ ဖြတ်ကျော် သွင်းယူခဲ့သူပါ။


ဒါ့အပြင် အသင်းမှာ ၁၉၉၉-၀၀ နောက်ပိုင်း တိုက်စစ်မှူး အနယ်လ်ကာပြီးရင် အစောဆုံး ၁၀ ဂိုးပြည့်တဲ့ လူငယ် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူပါ။

ဒါတွေကြောင့် မာတီနယ်လီကို စပိန် ထိပ်သီး ရီးရဲက ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀အထိ ပေးပြီး အာဆင်နယ် အသင်းကို ကမ်းလှမ်းဖို့ လုပ်ဆောင်နေပြီလို့ သတင်းတွေကလည်း ထွက်လာပါတယ်။

မူလ ချုပ်ဆိုထားတဲ့စာချုပ်အရ ၂၀၂၄ ခုနှစ်အထိ ဆိုပေမယ့် အာဆင်နယ်အသင်းက အသင်းမှာ မတည်ငြိမ်ပဲ ထွက်ခွာဖို့ သတင်းထွက်နေတဲ့ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်း မရှိတော့ရင် အားကိုးရမယ့် လူငယ် ကစားသမား အဖြစ် ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က