loading...

loading...

loading...

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် ပိုပြီးအာရုံစိုက်ဖို့ရှိနေခဲ့တာပါ။
Win Kyaw Min

စပါးအသင်းအနေနဲ့ လက်ရှိရာသီမှာ ချန်ပီယံလိဂ်မျှော်လင့်ချက်နဲ့အတူ ရာသီကုန်အဆင့်-၄နေရာရရှိ ရေးအတွက်သာ မျှော်လင့်ချက်ရှိတော့တာလည်းဖြစ်ပါတယ်။

အက်ဖ်အေဖလားပဥ္စမအဆင့်ပွဲစဉ်တွင် နောဝစ်ချ်အသင်းကိုအရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေထွ က်ခွာ ခဲ့ရတဲ့စပါးအသင်းရဲ့ နည်းပြမော်ရင်ဟိုက ချန်ပီယံလိဂ်အတွက် အာရုံစိုက်မှုနဲ့ ရာသီကုန်အဆင့် ၄ရဖို့အတွက် အာရုံစိုက်မှု ၂ခုထဲက တစ်ခုကို ရွေးချယ်ပေးဖို့ အသင်းတာဝန်ရှိသူတွေထံတောင်းဆို ခဲ့ မှုကို dailymail ကဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်တို့တွင် အထိုင်အလျောက်အောင်မြင်ခဲ့တဲ့ စပါးအသင်း အနေနဲ့လက်ရှိရာသီမှာတော့ရလဒ်ကောင်းရဖို့ရုန်းကန်နေရပြီး နည်းပြအပြောင်းအလဲဖြစ်ပေါ်ခဲ့သလို နည်းပြသစ်မော်ရင်ဟိုလက်ထက်မှာလည်း ရလဒ်ကောင်းရဖို့အတွက် ရုန်းကန်နေရဆဲဖြစ်ပါတယ်။



“ လက်ရှိလူစာရင်းအရပြိုင်ပွဲကြီး၂ပွဲကို အာရုံအပြည့်စိုက်ဖို့မဖြစ်နိုင်ပါဘူး။တိုက်စစ်မှူးတွေဒဏ်ရာရနေ တဲ့အခြေအနေက တော်တော်လေးကိုဆိုးရွားဆိုပါတယ်။ တစ်ခုရှိ တာက အသင်းဘုတ်အဖွဲ့အနေနဲ့ ဘ န်လေကိုရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုလား ၊ လိုက်ပ်ဇစ်ကိုရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက်လား ရွေးချယ်ပေးရမှာပါ။ နှစ်ပွဲလုံးကို အာရုံစိုက်ဖို့ကတော့ လုံးဝကိုမဖြစ်နိုင်တာပါ ” လို့ နည်းပြမော်ရင်ဟိုက ဆိုလိုက်တာပါ။

စပါးအသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ အသင်းခေါင်းဆောင်ဟာရီကိန်း၊ ဆွန်ဟောင်မင်တို့နှစ်ဦးလုံး ဒ ဏ်ရာပြဿနာကြောင့် အနားယူနေရသလို အဓိက,ကစားသမားအများစုကြံ့ခိုင်မှုမပြည့်ဝတဲ့အခြေ အနေကြောင့် နည်းပြမော်ရင်ဟိုအနေနဲ့ ပွဲထွက်ကစားသမားရွေးချယ်မှုအပိုင်းမှာ အခက်အခဲများစွာရှိ နေခဲ့တာလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပထမအကျော့တွင် လိုက်ပ်ဇစ်ကို အရေးနိမ့်ထားခဲ့သလို ပြိုင်ပွဲစုံနော က် ဆုံး ၄ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ထားရတဲ့အခြေအနေတွေအပြင် ရာသီကုန်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့်-၄ နေရာနဲ့ ရမှတ် ၅မှတ်အထိကွာဟနေခဲ့တာလည်းဖြစ်ပါတယ်။


loading...

က္က