အသက် ၂၉ နှစ်ရှိပါပြီ။

မော်ရင်ဟိုရောက်လာခဲ့ပြီးနောက် နယူးကာဆယ်အသင်းထံ အငှားချခံခဲ့ရသူ ဖြစ်ပြီး နယူးကာဆယ် အသင်းအတွက် တစ်ပွဲ ကစားပေးထားပါပြီ။

Image result for Danny Rose



စပါးအသင်းကနေ နယူးကာဆယ်အသင်းကို အငှားနဲ့ သွားကစားနေတဲ့ နောက်ခံလူ ဒန်နီရို့စ်က သူ့ကို နည်းပြ မော်ရင်ဟိုက တန်းတူ အခွင့်အရေး မပေးဘူးလို့ ခံစားခဲ့ရတဲ့အကြောင်း BBC Radio 5 Live နဲ့ အင်တာဗျူးမှာ ဖြေသွားပါတယ်။

အသက် ၂၉ နှစ်အရွယ် နောက်ခံလူအနေနဲ့ ရာသီအစပိုင်းတုန်းက စပါးအတွက် ၁၆ ပွဲ ကစားခဲ့ရပေမယ့် မော်ရင်ဟို ရောက်လာချိန်မှာတော့ ၅ ပွဲသာ ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။



“ အခြားသူတွေနဲ့ တန်းတူ အခွင့်အရေး မရဘူးလို့ ခံစားခဲ့ရပါတယ်။ကျွန်တော် တကယ်ပဲ သူ့အတွက် ကစားပေးချင်ပါတယ်။ဒါပေမယ့် သူရောက်လာကတည်းက မကစားရတော့ဘူးဆိုတာ သိလိုက် ရပါတယ်။မကစားရတာကိုသိလျက်နဲ့ လေ့ကျင့်နေရတာ တကယ်ခက်ခဲပါတယ်။”လို့ ရို့စ်က ပြောခဲ့ပါတယ်။

Image result for Danny Rose

လက်ရှိမှာတော့ အငှားနဲ့ ကစားနေတဲ့ နယူးကာဆယ်အသင်းမှာ အနာဂတ်ကောင်းတစ်ခုကို မျှော်လင့်နေပြီး မိမိကိုယ် မိမိ ယုံကြည်မှု အပြည့်ရှိတယ်လို့လည်း ဆိုပါတယ်။

မော်ရင်ဟိုကတော့စပါးကို နိုဝင်ဘာ ၂၀ ရက်နေ့က စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး စပါးအသင်းကို လက်ရှိမှာ အဆင့် ၅ နေရာမှာ ရမှတ် ၃၇မှတ်နဲ့ရပ်တည်နေပါတယ်။

ရို့စ်ကတော့ ၂၀၀၇ ခုနှစ်က လိဒ်ယူနိုက်တက်နေပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဒီကြားထဲမှာ ဝက်ဖို့ဒ်၊ပီတာဘရော့ဒ် ယူနိုက်တက်၊ဘရစ္စတိုးလ်စီးတီးနဲ့ဆန်းဒါးလန်းအသင်းတွေမှာ အငှားနဲ့ သွားကစားခဲ့ရသူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က