လိုက်ပ်ဇစ်ကို အနိုင်ကစားမယ်လို့ နည်းပြမော်ရင်ဟိုက ထုတ်ဖော်ပြောဆိုခဲ့တာပါ။
Win Kyaw Min

ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပွဲစဉ်တွင် ဂျာမနီကလပ်လိုက်ပ်ဇစ်အသင်းက စပါးအသင်းကို နှစ်ကျော့ပေါင်း ၄-၀ ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်သွားခဲ့ တာလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၁၆သင်းအဆင့်ဒုတိယအကျော့ပွဲစဉ်တွင် စပါးအသင်းကို ၃ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့လိုက်ပ်ဇစ်အသင်း အနေနဲ့ ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပြီဖြစ်သလို တစ်ဖက်တွင် ပြိုင်ဘက်နည်းပြမော်ရင်ဟို ကိုပါ အနေခက်စေခဲ့တယ်လို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

စပါးအသင်းနည်းပြမော်ရင်ဟိုအနေနဲ့ နောဝစ်ချ်အသင်းကို အရေးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီးတွင် ပရီး ယားလိဂ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲနှစ်ခုအတွင်း ပြိုင်ပွဲတစ်ခုတည်းကိုသာ ရွေးချယ်ပေးဖို့ အသင်းတာဝန်ရှိသူတွေ ထံ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။



လက်ရှိမှာတော့ နည်းပြမော်ရင်ဟိုဟာ နောဝစ်ချ်နဲ့အက်ဖ်အေဖလားပွဲအပြီးကစားခဲ့တဲ့ ဘန်လေနဲ့ပရီးမီးယားလိ ဂ်ပွဲစဉ်မှာ သရေရလဒ်ပဲထွက်ပေါ်ခဲ့သလို လိုက်ပ်ဇစ်နဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ရှုံးပွဲကြုံတွေ့ခဲ့တဲ့အတွက် အခု လိုမျိုးလှောင်ပြောင်မှတ်ချက်ပြုခံနေရတာလည်းဖြစ်ပါတယ်။

“ ရှိထားတဲ့ လူစာရင်းအနေအထားက တကယ်ကိုအခက်အခဲတွေဖြစ်စေခဲ့ပါတယ်။ အဓိက,ကတော့ ဒဏ်ရာရ ကစားသမားများပြားနေခဲ့တာပါ။ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုပဲ အာရုံအပြည့်စိုက်ရတော့မှာပါ ” လို့ စပါးနည်းပြမော်ရင်ဟိုရဲ့ မှတ်ချက်စကားကို guardian က ဖော်ပြလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲအဆင့်အထိတက်ရောက်နိုင်ခဲ့တဲ့ စပါးအသင်းအနေနဲ့ လက်ရှိရာသီမှာတော့ ၁၆သင်းရှုံး ထွက်အဆင့်နဲ့သာကျေနပ်ခဲ့ရသလို ပြည်တွင်းဖလားပြိုင်ပွဲတွေဖြစ်တဲ့ အက်ဖ်အေဖလား၊ ခါရာဘောင်းလိဂ်ဖ လားတွေမှာလည်း အောင်မြင်မှုမရခဲ့တဲ့အတွက် ရာသီကုန်ပရီးမီးယားလိဂ်အဆင့်-၄ရဖို့အတွက်သာ အာရုံစိုက် ရတော့မှာလည်းဖြစ်ပါတယ်။


က္က