ပြီးခဲ့တဲ့ အပတ်က မန်စီးတီးကို နိုင်ထားပါတယ်။

ကိန်းကို ရာသီမသိမ်းခင် ပြန်လာစေချင်နေတာ ဖြစ်ပြီး မေလ ၉ ရက်နေ့ ကစားမယ့် လက်စတာနဲ့ပွဲကို အဓိကထား မျှော်နေတာပါ။

ပရီးမီးယားလိဂ် ရာသီ မကုန်ဆုံးမီ အသင်းရဲ့ အဓိက တိုက်စစ်မှူး ကိန်း ဒဏ်ရာကနေပြန်လည်သက်သာလာဖို့ မော်ရင်ဟို မျှော်လင့်နေတယ်လို့ BBC SPORTက ဖော်ပြလာပါတယ်။



အသက် ၂၆ နှစအရွယ်သာရှိသေးတဲ့ အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီကိန်းကတော့ တံကောက်ကြောရဲ့ အရွတ် စုတ်ပြဲဒဏ်ရာကို ပြန်လည်ကုစားနေရတာပါ။

ဒဏ်ရာကနေတော့လာမယ့် ဧပြီလလောက်မှာ ပြန်လည်သက်သာလာဖို့ ရှိနေပြီး ယူရို ၂၀၂၀ ပြိုင်ပွဲမစတင်ခင် ၂ လအလိုလောက် ဖြစ်နေပါတယ်။

“ ဒါက ဆိုးရွားတဲ့အရာတော့မဟုတ်ပါဘူး။မဖြစ်နိုင်ဘူးဆိုတာလည်း မရှိပါဘူး။သူ့အနေနဲ့ ကုသမှုတွေနဲ့ ရှိနေလို့ အားလုံးအဆင်ပြေပါတယ်။”လို့ မော်ရင်ဟိုက ပြောလာခဲ့ပါတယ်။

ကိန်းအနေနဲ့ မေလ ၉ ရက်နေ့မှာ ကစားရမယ့် လက်စတာနဲ့ပွဲအတွက် လိုနိုင်တယ်လို့ မော်ရင်ဟိုက ဆိုလာပြီး ဒီပွဲက အသင်းကို ဘယ်အဆင့်မှာ ရောက်စေမလဲဆိုတာလည်း ဆုံးဖြတ်ပေးနိုင်တယ်လို့ လည်း ဆိုပါတယ်။

“ကိန်းအနေနဲ့ ဒီပွဲကျရင်တော့အသင်းကို ကူညီနိုင်ကောင်းကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ဒါပေမယ့် ကိန်း ပြန်လာမယ့်အပေါ်မှာတော့ ဖိအားမရှိပါဘူး။”လို့ မော်ရင်ဟိုက ဆက်လက်ပြောခဲ့ပါတယ်။

စပါးကတော့ လိဂ်မှာ အဆင့် ၅ ရပ်တည်နေပြီး ဒီညမှာတော့ ‌ဆောက်သမ်တန်နဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့် ပြန်ကန်ပွဲကစားဖို့ရှိနေသလို ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အဖြစ် လိုက်ပ်ဇက်အသင်းနဲ့လည်း ကစားဖို့ ရှိနေပါ တယ်။

Share

Loading Next Article...
က္က