မတူညီတဲ့ ဘောလုံးရာသီ ၃ ခုမှာ ၁၅ ကြိမ်နှင့်အထက် ဂိုးဖန်တီးနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။
မန်စီးတီး ဖန်တီးရှင် ကီဗင်ဒီဘရိုင်းကတော့ ရှက်ဖီးကို ၀-၁ နဲ့ အနိုင်ရခဲ့တဲ့အဝေးကွင်းပွဲမှာ အဂူရိုသွင်းမယ့် တစ်ဂိုး ကို ဖန်တီးပေးနိုင်မှုနဲ့အတူ သမိုင်းမှတ်တိုင် တစ်ကွေ့ကို ရောက်ရှိနိုင်ခဲ့ပြီလို့ Sportskeeda သတင်းဌာနက ဖော်ပြ လာပါတယ်။
Opt စစ်တမ်းရဲ့ ဖော်ပြချက်မှာ ဒီဘရိုင်းက မတူညီတဲ့ ဘောလုံးရာသီ ၃ ခုမှာ ၁၅ ကြိမ်နှင့်အထက် ဂိုးဖန်တီးပေး နိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၆-၁၇ ဘောလုံးရာသီမှာ ၁၈ ကြိမ်နဲ့၊၂၀၁၇-၁၈ ဘောလုံးရာသီမှာ ၁၆ ကြိမ် အသီးသီး ဖန်တီးပေးထားနိုင်သလို ဒီနှစ် ရာသီမှာလည်း ၂၄ ပွဲလောက်သာ ကစားပြီးချိန်မှာ ၁၅ ကြိမ်ဖန်တီးပေးထားနိုင်ပြီ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ဘယ်လ်ဂျီယံ နိုင်ငံသား ဒီဘရိုင်းအနေနဲ့ ၂၀၁၅ ခုနှစ်က မန်စီးတီးအသင်းကို ရောက်ရှိလ ခဲ့ပြီး ၁၄၁ ပွဲကစားကာ ဂိုး ၃၀ အထိသွင်းပေးထားနိုင်တယ်လို့ သိရပါသေးတယ်။
မန်စီးတီးအသင်းကတော့ လက်ရှိ ပရီးမီးယားလိဂ် ၂၄ ပွဲကစားပြီးချိန်မှာ ၅၁ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည် နေပြီး ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လီဗာပူးထက် ၂ ပွဲပို ကစားထားပြီး ၁၃ မှတ် လျော့နည်းနေပါတယ်။