ဧရိယာပြင်ပကနေ ၁၉ ကြိမ်အထိ ဂိုးသွင်းခံခဲ့ရပြီးဖြစ်ပါတယ်။
Pyae Phyo Thein

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပရီးမီးယားလိဂ်မှာ ဘယ်ဂိုးသမားထက်မဆို ကီပါက ဧရိယာပြင်ပသွင်းဂိုးတွေ ပိုမိုခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။


ချယ်လ်ဆီးအသင်းရဲ့ စပိန်ဂိုးသမားကီပါဟာ ဘရိုက်တန်နဲ့ပွဲမှာ ဧရိယာပြင်ပကနေ တစ်ဂိုးသွင်းခံခဲ့ရပြီးနောက် ချယ်လ်ဆီးကိုရောက်ရှိပြီးနောက်ပိုင်းမှာ စုစုပေါင်း ၁၉ ဂိုးအထိ ဧရိယာပြင်ပကသွင်းယူတာကို ခံခဲ့ရပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီမှတ်တမ်းနဲ့ ပတ်သက်ပြီး လမ်းပတ်ကတော့ ကီပါကို အပြစ်မတင်ခဲ့ဘဲ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဂိုးသမားဟာ လီအန်ဒရိုထရိုဆာ့ဒ်ရဲ့သွင်းယူမှုကို ခံယူခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပရီးမီးယားလိဂ်မှာ ဘယ်ဂိုးသမားထက်မဆို ကီပါက ဧရိယာပြင်ပသွင်းဂိုးတွေ ပိုမိုခွင့်ပြုခဲ့ရတာဖြစ်ပြီး ဂယ်ရီနဗီးလ်နဲ့ ဂျင်မီကာရေဂါတို့ကတော့ ပေါင်သန်း ၇ဝတန်ဂိုးသမားရဲ့ လက်စွမ်းအပေါ် ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။


ဒါပေမယ့် လမ်းပတ်က Sky Sports နဲ့ ပွဲအပြီးအင်တာဗျူးမှာတော့ "ကီပါကို ပိုင်ဆိုင်ထားလို့ ကျွန်တော်ကျေနပ်ပါတယ်၊ သူ့မှာ ယုံကြည်မှုအပြည့်ရှိနေတာကို ကျွန်တော်မြင်ခဲ့ရပြီးတော့ သူက ကျွန်တော်တို့နဲ့အတူ ရှိနေတာပါ၊ ကျွန်တော်တို့ရဲ့ဂိုးသမားလည်းဖြစ်ပြီး သူနဲ့အတူရှိနေတဲ့အတွက် ကျွန်တော်ပျော်ရွှင်ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

ထရိုဆော့ဒ်ရဲ့သွင်းဂိုးဟာ တစ်ဖက်တစ်ဂိုးစီသရေဖြစ်ခဲ့ပြီး ချယ်လ်ဆိးအတွက် အနညး်ငယ်တော့ အခက်အခဲဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ခံလူတွေဖြစ်တဲ့ ရီဆီဂျိမ်းစ် နဲ့ ဇူးမားတို့က အနိုင်ဂိုးတွေထပ်မံသွင်းယူခဲ့တာကြောင့် ချယ်လ်ဆီးတို့ ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ရာသီအဖွင့်ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။


ကီပါဟာ ပြီးခဲ့တဲ့ရာသီမှာလည်း ဝေဖန်ပြစ်တင်မှုတွေခံယူခဲ့ရပြီး အသင်းလူစာရင်းက ချန်လှပ်ခံရမှုတွေလည်း ရှိခဲ့ပါတယ်။ အရေးကြီးပွဲစဉ်တွေမှာ လမ်းပတ်က ကာဘယ်လာရိုကို အသုံးပြုခဲ့တာကိုတွေ့မြင်ရပြီး ရာသီသစ်မှာတော့ ကီပါက စတင်ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ 


Author


က္က