ပွဲပြီးခါနီးမှ ဘရိုက်တန်က ‌ချေပဂိုးရသွားတာပါ။

သရေကျခဲ့သည့်တိုင် ဘရိုက်တန်အသင်းက ကစားပုံ ပိုကောင်းတယ်လို့လည်း လမ်းပတ်က ဆိုခဲ့ပါသေးတယ်။

ဘရိုက်တန်ကို သရေကျခဲ့တဲ့ ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ လမ်းပတ်က အခုပွဲမှာ မရှုံးတာတောင် ကံကောင်းတယ်လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြ လာပါတယ်။



၁၀ မိနစ်ကတည်းက ဦးဆောင်ဂိုးသွင်းထားနိုင်ပေမယ့် ၈၄ မိနစ်မှာ ဘရိုက်တန်က ချေပဂိုးပြန်ရခဲ့တာကြောင့် တစ်ဖက် တစ်ဂိုးစီ သရေပွဲ ဖြစ်ခဲ့ပါတယ်။

“ပထမပိုင်းမှာ ကျွန်တော်တို့ အရမ်းကောင်းပါတယ်။ဒီပုံစံအတိုင်းကို မထိန်းနိုင်ခဲ့သလို ပွဲကိုလည်း မသိမ်းနိုင်ခဲ့ဘူး။ ချေပဂိုးပြန်ပေးလိုက်ရပြီးချိန်မှာ နောက်ထပ် မရှုံးတာကပဲ ကံကောင်းတယ်လို့ ဆိုရမှာပါ။”လို့ လမ်းပတ်က ပြောခဲ့ ပါတယ်။

ဘရိုက်တန်အတွက် ချေပဂိုးကို ၈၄ မိနစ်မှာ အီရန်တိုက်စစ်မှူး အလီရီဇာက လှလှပပ နောက်ပြန် ကန်ချက်နဲ့ ကန်သွင်းရယူခဲ့တာပါ။

သရေကျခဲ့သည့်တိုင် ဘရိုက်တန်အသင်းက ကစားပုံ မိမိတို့ထက် ပိုကောင်းခဲ့ပြီး ကျွန်တော်တို့ကတော့ အသင်းလိုက် စုစည်းညီညွတ်ပြီး တစ်ပွဲလုံးထိန်းထိန်းသိမ်းသိမ်းကစားနိုင်ဖို့တော့ လုပ်ယူဖို့ လိုပါသေးတယ်လို့လည်း လမ်းပတ်ကဆက်လက်ပြောခဲ့ပါသေးတယ်။

အနိုင်ရပြီးမှ သရေကျလို့ မပျော်ရွှင်ဖြစ်ခဲ့တဲ့ လမ်းပတ်ကတော့ လက်ရှိမှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကိုတော့ ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က