စိတ်လှုပ်ရှားလွယ်ပြီး ကွင်းထဲ ၂ကြိမ်သတိလစ်ဖူးတယ်လို့ ဆိုပါတယ်။

အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယာ်ဒိုရဲ့မိခင်ဟာ သားဖြစ်သူရဲ့ပွဲတွေကို ကြည့်ရှုနေချိန်မှာ စိတ်လှုပ်ရှားလွယ်လွန်းသူလို့ ဆိုပါတယ်။


ယူနိုက်တက်တိုက်စစ်မှူးသစ်ရော်နယ်ဒိုဟာ ပွဲကြီးပွဲကောင်းတွေဆိုရင် လာရောက်မကြည့်ရှုဖို့အတွက် မိခင်ဖြစ်သူကို တားမြစ်ထားတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ဘဝမှာ အရေးအပါဆုံးဖြစ်တဲ့ မိခင်ကို ဆုံးရှုံးရမှာကြောက်တာကြောင့် ဖြစ်တယ်လို့သိရပြီး ယူနိုက်တက်နဲ့အတူ ပွဲဥိးထွက်အဖြစ်ကစားမယ့် နယူးကာဆယ်နဲ့ပွဲကိုလည်း သူ့ရဲ့မိခင် ကြည့်ရှုဖို့မဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။ 

အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယာ်ဒိုရဲ့မိခင်ဟာ သားဖြစ်သူရဲ့ပွဲတွေကို ကြည့်ရှုနေချိန်မှာ စိတ်လှုပ်ရှားလွယ်လွန်းသူလို့ ဆိုပါတယ်။ ကွင်းအတွင်းမှာပဲ ၂ကြိမ်တိုင်တိုင် သတိလစ်မှုတွေဖြစ်ပွားခဲ့ပြီး တစ်ကြိမ်မှာတော့ သွားပါကျိုးတဲ့အထိဖြစ်ပွားခဲ့ပြီး အမေကို ချစ်လွန်းတဲ့ ရော်နယ်ဒိုအတွက်တော့ ဒါက စိုးရိမ်ပူပန်စရာအဖြစ် ရှိနေခဲ့ပါတယ်။ 


"အမေ့ကို ပွဲကြီးပွဲကောင်းတွေ လာမကြည့်ဖို့ပြောထားရတယ်၊ ဘာလို့လဲဆိုတာပြောပြမယ်၊ ကျွန်တော့်မှာ အဖေမရှိတော့ဘူး၊ အမေ့ကို မဆုံးရှုံးချင်သေးဘူး၊ ဒီအတွက် အရေးပါတဲ့ပွဲစဉ်တွေ (ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲ) ကို လာမကြည့်နဲ့လို့ ပြောထားရပါတယ်၊ ကြည့်ဖို့လည်း ကျွန်တော်ခွင့်မပြုထားတော့ဘူး၊ အမေက အရမ်းစိတ်လှုပ်ရှားတယ်၊ ဘာလို့လဲဆိုတာလည်း ကျွန်တော်နားမလည်ဘူး၊ အဲဒါကြောင့်ပါ" လို့ ရော်နယ်ဒိုက ဒေးလီးမေးလ်ဂျာနယ်လစ် Piers Morgan နဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။ 


"အမေက မိသားစုအတွက် မရှိမဖြစ်ပါ၊ ဒီနေ့ဒီအချိန်မှာ ကျွန်တော်ဒီလိုရပ်တည်နေနိုင်တာ အမေ့ရဲ့ထောက်ခံအားပေးမှုတွေကြောင့်ပါပဲ၊ သူ့ကလေးတွေအတွက် အလုပ်အရမ်းကြိုးစားခဲ့ပြီး အထူးသဖြင့် ကျွန်တော့်အတွက်ပေါ့၊ ဘာလို့လဲဆိုတော့ ကျွန်တော်က မိသားစုမှာအငယ်ဆုံးလေ၊ ကျွန်တော့်ကို အခွင့်အရေးတွေရစေဖို့ သူ ဒုက္ခခံခဲ့တယ်"


စပို့တင်းမှာ ကျွန်တော်ကစားချင်တယ်ပြောတုန်းက မင်းတကယ်ဖြစ်ချင်ရင် မင်းကို ငါမတားဘူး၊ သွားပါတဲ့၊ မင်းသွားတာက ငါ့အတွက်ခက်ခဲမှာဆိုပေမယ့် အိပ်မက်တွေနောက်လိုက်ပါဆိုပြီး အမေက ခွင့်ပြုအားပေးခဲ့တာပါ" လို့ ရော်နယ်ဒိုက Morgan ကို ပြောဆိုခဲ့ဖူးတာပဲဖြစ်ပါတယ်။ 



က္က