loading...

loading...

loading...

ခွေးနဲ့လမ်းလျှောက်ချိန် လမ်းမှာ အနားလာပြောသွားကြတာလို့ ပြောပါတယ်။
Kyaw Ko Ko Sint

မန်ယူပရိသတ်တွေက မိမိ လမ်းမှာ ခွေးလေးနဲ့အတူ လမ်းလျှောက်ထွက်နေချိန် အနားကိုချဉ်းကပ်လာပြီး လီဗာပူးထက်စာရင် မန်စီးတီးကို ဆုဖလား ရစေချင်တယ်လို့ ပြောသွားခဲ့တယ်လို့ ဝေါ်လ်ကာက ဆိုပါတယ်။

မန်ယူ ပရိသတ်တွေက မိမိတို့ မန်စီးတီးကိုသာ ချန်ပီယံဖြစ်စေချင်နေကြတယ်လို့ မန်စီးတီး နောက်ခံလူ ကိုင်လီ ဝေါ်လ်ကာက ထုတ်ဖော်ပြောခဲ့ကြောင်း Goal.com မှာ ဖော်ပြပါတယ်။ ဝေါ်လ်ကာရဲ့ ပြောပြချက်အရ မန်ယူပရိသတ်တွေက ဒီနှစ်မှာ မန်စီးတီးသာချန်ပီယံ ဖြစ်စေချင်တယ်လို့ သူ့ကို လာပြောကြကြောင်း သိရပါတယ်။

မန်စီးတီးအနေနဲ့ လက်ရှိမှာ အဆင့် ၂ နေရာ ရပ်တည်နေရပေမယ့် လီဗာပူးထက် တစ်ပွဲလျော့ ကစားထားတာကြောင့် လက်ကျန် ပွဲအားလုံး အနိုင်ရပါက သေချာပေါက် ချန်ပီယံဖြစ်မှာပါ။

“အရှင်းဆုံးပြောရရင် ယူနိုက်တက်ဖန်တွေအတွက်တော့ တကယ်ကို အခက်တွေ့နေပါပြီ၊ ကျွန်တော့်ခွေးလေးနဲ့ လမ်းလျှောက်ထွက်ချိန်မှာ ယူနိုက်တက်ပရိသတ်အချို့ ကျွန်တော့်ဆီ ရောက်လာပြီး လီဗာပူးထက် စီးတီးကိုသာ ချန်ပီယံဖြစ်စေချင်တယ်လို့ လာပြောသွားပါတယ်” လို့ ဝေါ်လ်ကာက ပြောခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ မနက်ဖြန်မှာ မန်စီးတီးနဲ့ ဒါဘီပွဲကစားဖို့ရှိနေပြီး ယူနိုက်တက် ပရိသတ်တွေအတွက်တော့ ဝေါ်လ်ကာ ပြောသလို အမှန်တကယ် အခက်တွေ့နေရပြီ ဖြစ်ပါတယ်။ မန်စီးတီးကို ဆုဖလားရစေချင်တာကြောင့် အရှုံးပေးလိုက်ပါကလည်း မန်ယူအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ဝေးကွာသွားမယ့်အရေးနဲ့ ရင်ဆိုင်နေရသလို အနိုင်ကစားခဲ့ပါကလည်း ချန်ပီယံ မဖြစ်စေချင်တဲ့ လီဗာပူးက ချန်ပီယံလမ်းကြောင်းပေါ်မှာ အလွယ်တကူဖြင့် ထိပ်ဆုံးကနေ ဦးဆောင်ခွင့်ရသွားမယ့်အရေးနဲ့ ကြုံတွေ့နေရပါတယ်။

“ယူနိုက်တက် ပရိသတ်တွေထံက ဒီလိုကြားရတာ ထူးဆန်းပါတယ်၊ဒါပေမယ့် အခိုင်အမာ ပြောနိုင်တာကတော့ မန်ယူကို အနိုင်ယူပါ၊ကျော်ဖြတ်သွားပါလို့တော့ သူတို့ ပြောကြမှာ မဟုတ်ပါဘူး။သူတို့ အခု အရမ်းခက်နေပါပြီ၊ လေးသင်းစာရင်းဝင်ဖို့ အမှတ်ကလည်း လိုနေချိန်မှာ ဝေခွဲမရ ဖြစ်နေကြပါပြီ။” လို့ ဝေါ်လ်ကာက ဆက်လက် ပြောခဲ့ပါတယ်။


loading...

က္က