ပေးပို့မှု ၇၅ ကြိမ်အထိ အောင်မြင်ခဲ့တာပါ။

လီဗာပူးလ်အသင်းခေါင်းဆောင်ဟန်ဒါဆန်နေရာကို ဒုတိယပိုင်းမှာ သီယာဂိုက ဝင်ရောက်လာခဲ့ပြီး ၄၅ မိနစ်တည်းသာ ကစားခွင့်ရခဲ့ပေမယ့်လည်း ခြေစွမ်းပြနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။


လီဗာပူးလ်အသင်းရဲ့ကစားသမားသစ် သီယာဂိုဟာ မနေ့ညကကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ပွဲမှာ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲကို ပါဝင်ကစားပေးခဲ့ပါတယ်။ လီဗာပူးလ်အသင်းခေါင်းဆောင်ဟန်ဒါဆန်နေရာကို ဒုတိယပိုင်းမှာ သီယာဂိုက ဝင်ရောက်လာခဲ့ပြီး ၄၅ မိနစ်တည်းသာ ကစားခွင့်ရခဲ့ပေမယ့်လည်း ခြေစွမ်းပြနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

သီယာဂိုဟာ ကစားခွင့်ရတဲ့အချိန်အတွင်း ဘောလုံးပေးပို့မှု ၇၅ ကြိမ်အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒါဟာ ချယ်လ်ဆီးရဲ့ မိနစ် ၉၀ အပြည့်ကစားခဲ့သူတွေအပါ ဘယ်ကစားသမားထက်မဆို ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ဖြစ်ခဲ့တယ်လို့ အချက်အလက်မှတ်တမ်းတွေကို ဖော်ပြနေတဲ့ Opta က ဖော်ပြခဲ့ပြီး သီယာဂိုရဲ့ ပေးပို့ပုံတိကျမှုတွေကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ 

အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ၂၀၀၃-၀၄ ဘောလုံးရာသီနောက်ပိုင်း ပွဲချိန် ၄၅ မိနစ်သာကစားပြီး ပေးပို့မှုအအောင်မြင်ဆုံးကစားသမားအဖြစ်နဲ့လည်း မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ လီဗာပူးလ်ကွင်းလယ်ပိုင်းကို သီယာဂိုက အကောင်းဆုံးထိန်းညှိကစားပေးခဲ့ပေမယ့်လည်း ချယ်လ်ဆီးအသင်း ပယ်နယ်တီရရှိခဲ့မှုမှာတော့ ဂျော်ဂျင်ဟိုကို သူ့ရဲ့ဖျက်ထုတ်မှုကနေ ပေးခဲ့ရတာဖြစ်ပါတယ်။ 

အဆိုပါပယ်နယ်တီကိုတော့ လီဗာပူးလ်ဂိုးသမားအယ်လစ်ဆန်က ကာကွယ်နိုင်ခဲ့ပြီး ဂျော်ဂျင်ဟိုအတွက်တော့ ချယ်လ်ဆီးကစားသမားဘဝမှာ ပထမဆုံးအကြိမ်ပယ်နယ်တီလွဲချော်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် စပိန်ကွငး်လယ်လူ သီယာဂိုအတွက်တော့ သူ့ရဲ့လီဗာပူးလ်ကစားသမားဘဝ ပထမဆုံးပွဲမှာ စံချိန်မှတ်တမ်းတစ်ခုရယူနိုင်ခဲ့သလို အသင်းကလည်းနိုင်ပွဲရခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ 



က္က