နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုသူ တစ်သိန်းအထိရှိခဲ့တာလည်းဖြစ်ပါတယ်။
Win Kyaw Min

အိမ်သာသုံးစက္ကူ Skill ပြစိန်ခေါ်မှုအတွင်း ကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဇာဗီတို့အပါအဝင် ထိပ် တန်းကစားသမားအများစု ပါဝင်လုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်းဂျွန်တယ်ရီရဲ့ သမီးဖြစ်သူအနေနဲ့ ကမ္ဘာ့ကျော်ကစားသမားတွေရဲ့အိမ်သာ သုံးစက္ကူ Skill ပြမှုအတွင်း ပါဝင်လုပ်ဆောင်ခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားနဲ့အတူ လုပ်ဆောင်ခဲ့တဲ့အပြုအမူအတွ က် ဖခင်ဖြစ်သူအပါအဝင် ပရိသတ်အများစုရဲ့ အံအားသင့်အားပေးခြင်းကိုခံခဲ့ရတယ်လို့ thesun ကဖော်ပြလာ ပါတယ်။

အသက် ၁၃နှစ်အရွယ်ရှိ ဂျွန်တယ်ရီရဲ့ သမီးဖြစ်သူ ဆမ်မားအနေနဲ့ ဖခင်ဖြစ်သူရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဆုဖလား အတွင်းကို အိမ်သာသုံးစက္ကူကို ကန်ထည့်တဲ့ Skill စိန်ခေါ်မှုပြုလုပ်ခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူတိုနီတယ်ရီက အင် စတာဂမ်တွင် တင်ခဲ့ပြီးပြီးချင်း ပရိသတ်တွေအကြား အလျင်အမြန်ပျံ့နှံ့သွားခဲ့တာလည်းဖြစ်ပါတယ်။



ဆမ်မားတယ်ရီရဲ့ Skill စိန်ခေါ်မှုကို ဖခင်ဖြစ်သူရဲ့ မိတ်ဆွေအများစုအပြင် ချဲလ်ဆီးပရိသတ်အများစုက ချစ်စနိုး နဲ့ မျှဝေခဲ့ကြပြီး ချန်ပီယံလိဂ်ဆုဖလားနဲ့ပတ်သက်ဖူးသူတွေသာ လုပ်ဆောင်နိုင်တဲ့ Skill စိန်ခေါ်မှုတစ်ခုဖြစ်တ ယ်လို့ မှတ်ချက်ပြုမှုများလည်းရှိလာခဲ့ပါတယ်။

ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်းဖြစ်သူ ဇာမိုရာကလည်း ဆမ်မားတယ်ရီရဲ့ လုပ်ဆောင်မှုကို ချစ်စဖွယ်အပြုအမူ လို့ မှတ်ချက်ပြုခဲ့ပြီး ကမ္ဘာ့ကျော်ဗြိတိန်အမျိုးသားအဆိုအဖွဲ့ The Vamps ရဲ့အဖွဲ့ဝင်ဖြစ်သူကတော့ “ ချစ်စရာေကာင်းတဲ့ မိန်းကလေးရေ……. Challenge အောင်မြင်ဖို့အတွက် အိမ်သာသုံးစက္ကူဘယ်လောက်များများသုံးခဲ့ရ လဲ " လို့ ဟာသဆန်ဆန်ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဂျွန်တယ်ရီအနေနဲ့ ၂၀၁၂က ချန်ပီယံလိဂ်ဆုဖလားရရှိခဲ့ပြီးတဲ့နော က် နေအိမ်ရှိအမှတ်တရဆုဖလားအခန်းတွင် ပုံစံတူ ချန်ပီယံလိဂ်ဆုဖလားကို ဆုတံဆိပ်နဲ့အတူသိမ်းဆည်းထား တာဖြစ်ပြီး ဆမ်မားတယ်ရီရဲ့ စိန်ခေါ်မှုကိုတော့ “ အဖေတူသမီးရဲ့ ဘောလုံးစွမ်းရည်ပြမှု” အဖြစ်ပရိသတ်အများ စုက မျှဝေနေကြတာလည်းဖြစ်ပါတယ်။


Author


က္က