လက်ရှိမှာ ဗီလာအတွက် ကစားနေပြီဖြစ်ပါတယ်။

အာဂျင်တီးနားသားကြီးဟာ လက်ရှိမှာ အက်စတွန်ဗီလာအတွက် လက်စွမ်းပြကစားပေးနေပြီး အာဆင်နယ်မှာ ၁၀ နှစ်နီးပါးရှိခဲ့ပေမယ့် ၃၈ ပွဲသာ ကစားခဲ့ရသူဖြစ်ပါတယ်။ 


အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်းဖြစ်တဲ့ အီမီလီယာနိုမာတီနက်ဇ်က သူဟာ အာဆင်နယ်ကို ဘယ်တုန်းကမပြောင်းရွှေ့ချင်ခဲ့ဘဲ မိသားစုစားဝတ်နေရေးအတွက်ကြောင့်သာ ရောက်ရှိခဲ့တာလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ အာဂျင်တီးနားသားကြီးဟာ လက်ရှိမှာ အက်စတွန်ဗီလာအတွက် လက်စွမ်းပြကစားပေးနေပြီး အာဆင်နယ်မှာ ၁၀ နှစ်နီးပါးရှိခဲ့ပေမယ့် ၃၈ ပွဲသာ ကစားခဲ့ရသူဖြစ်ပါတယ်။ 

၂၀၁၀ ခုနှစ်မှာ အင်ဒီပန်းဒီယန်တီကနေ အာဆင်နယ်ကို သူက ပြောင်းရွှေ့လာခဲ့ပြီး ပုံမှန်ကစားခွင့်မရခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၀ အက်ဖ်အေဖလားပွဲမှာ အာဆင်နယ်အတွက် လက်စွမ်းပြပြီး အသင်းကို ဆုဖလားရရှိစေခဲ့ကာ သူ့ရဲ့ပါရမီကို ပြသနိုင်ခဲ့ပြီး နောက်တစ်နှစ်မှာတော့ ဗီလာကို ပြောင်းရွှေ့ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးသမားစာရင်းဝင်လာခဲ့ပါတယ်။ 

စပိန်သတင်းဌာန El Pais နဲ့ တွေ့ဆုံခဲ့စဉ်မှာ မာတီနက်ဇ်က "အာဆင်နယ်က ကျွန်တော့်အတွက် လာကမ်းလှမ်းခဲ့ပါတယ်၊ အင်ဒီပန်ဒီယန်တီနည်းပြပီပီဆန်တိုရိုကလည်း ဒါက ဘဝမှာတစ်ကြိမ်သာရတဲ့ အခွင့်အရေးလို့ပြောခဲ့ပါတယ်၊ ကျွန်တော့်မိသားစုနဲ့ အေးဂျင့်ကလည်း အဲဒီလိုပဲ တွေးခဲ့ပါတယ်၊ ဒါကြောင့် ဆုံးဖြတ်ဖို့က အခြားအရာတွေထက် ပိုပြီးအရေးကြီးခဲ့ပါတယ်"

"ကျွန်တော်လုံးဝမပြောင်းချင်ခဲ့ပါဘူး၊ အဲဒီလိုလုပ်ခဲ့လို့လည်း နောင်တတော့မရပါဘူး၊ ဒါပေမေယ့်လည်း အင်ဒီပန်ဒီယန်တီအတွက် ကျွန်တော်ကစားပေးချင်ခဲ့တာပါ၊ ကျွန်တော်ဆက်နေနေမယ်ဆိုရင် ၂နှစ်အတွင်းမှာ ပွဲထွက်ခွင့်ရတော့မှာပါ၊ ဒါပေမယ့် ကျွန်တော့်မိသားစုမှာ ငွေကြေးက နည်းနည်းလေးပဲရှိတော့တယ်၊ ဒီတော့ အားကစားထက် ကျွန်တော် အဲဒါကိုပိုပြီးတော့ အလေးပေးခဲ့ရပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

မာတီနက်ဇ်ဟာ အာဆင်နယ်မှာ လီနိုဒဏ်ရာရရှိခဲ့ချိန်မှသာ ပွဲထွက်ခွင့်ရတာဖြစ်ပြီး လက်စွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာတေ့ာ ဗီလာကိုပြောင်းရွှေ့ခဲ့ပြီး အခုအခါမှာ အာဂျင်တီးနားအတွက်ပုံမှန်ကစားခွင့်ရနေပြီး ကိုပါအမေရိကဖလားပြိုင်ပွဲမှာ လက်စွမ်းပြကာ အသင်းကို ဆုဖလားရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 



က္က