ဘရန်ဒန်ရော်ဂျာရဲ့အနှစ်သက်ဆုံးကစားသမားကို အလိုက်ပေးသွားမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီ ဦးစားပေးဖြစ်တဲ့ ခံစစ်နေရာအတွက် လက်စတာစီးတီးကြယ်ပွင့် နောက်ခံကစားသမား မက်ဂွိုင်းယားကို ခေါ်ယူနိုင်ဖို့ ပါရဲရားကို အလိုက်ပေးသွားမယ်လို့ Express ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ စိတ်ပျက်ဖွယ်ရာ ရာသီတစ်ခုကို ကြုံတွေ့ခဲ့ရပြီးနောက် အပြောင်းအရွှေ့မူဝါဒကို ပြောင်းလဲခဲ့တာဖြစ်ပြီး ဆိုးလ်ရှားနဲ့ အသင်းဒုဥက္ကဌအက်ဒ်ဝုဒ်ဝဒ်တို့ဟာ အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့် မက်ဂွိုင်းယားကို စောင့်ကြည့်နေတာဖြစ်ပါတယ်။

The Sun ရဲ့သတင်းအရ မက်ဂွိုင်းယားကို ယခုနွေရာသီထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပြီး မန်ချက်စတာစီးတီးအသင်းနဲ့အပြိုင် ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ မက်ဂွိုင်းယားကို လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့ ပါရဲရားကို အလိုက်ပေးသွားလိုတဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အလားအလာများစွာရှိတဲ့ ကွင်းလယ်ကြယ်ပွင့် ပါရဲရားကို အပြီးသတ်ဆုံးရှုံးရမှာ တွန့်ဆုတ်နေပြီး လက်စတာစီးတီးအသင်းကို အငှားချချင်စိတ် ပိုမိုများပြားနေတယ်လို့ သိရပါတယ်။

လက်စတာစီးတီးအသင်းက ဟယ်ရီမက်ဂွိုင်းယားရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၉၀ သတ်မှတ်ထားပြီး နောက်ခံကစားသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ပါတယ်။

လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာဟာ ပါရဲရားကို အလွန်နှစ်သက်သူဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက်က သိရှိနေပြီး ယူနိုက်တက်ဂန္တဝင်ကစားသမား ဂယ်ရီနဗီးလ်က မက်ဂွိုင်းယားကို အရခေါ်ယူဖို့ တောင်းဆိုထားပါတယ်။



က္က