လာမယ့်နွေရာသီမှာ မက်မောလောက်ဖွယ်ကမ်းလှမ်းမှုပြုလုပ်သွားမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဂျိမ်းစ်မက်ဒီဆင်ကို ယခုရာသီကုန်မှာ မက်မောလောက်ဖွယ်ကမ်းလှမ်းမှုပြုလုပ်ပြီး လက်စတာစီးတီးကို စမ်းသပ်သွားဖို့ ပြင်ဆင်နေတယ်လို့ The Times ရဲ့သတင်းအရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိမ်းစ်မက်ဒီဆင်ကို အသင်းဖော်ဟောင်း ဟယ်ရီမက်ဂွိုင်းယားရဲ့ခြေရာအတိုင်း လိုက်နင်းစေချင်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ မက်ဒီဆင်ကို နှစ်သက်နေသူဖြစ်ပြီး လာမယ့်ရာသီမှာ အိုးထရက်ဖို့ဒ်ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ မက်ဒီဆင်ကို ကမ်းလှမ်းသွားဖို့ စဉ်းစားနေပြီး လက်စတာစီးတီးအသင်းအနေနဲ့ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမား ၂ ဦးကို အပြောင်းအရွှေ့ဈေးကွက်တစ်ခုထဲမှာ တပြိုင်နက်ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးဆိုတာ ယူနိုက်တက်က လက်ခံခဲ့တာဖြစ်ပါတယ်။



လက်စတာစီးတီးအသင်းဟာ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ဂျိမ်းစ်မက်ဒီဆင်ကို ထိန်းသိမ်းထားလိုတဲ့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားထားပြီး မဖြစ်မနေ ထုတ်ရောင်းရမယ့်ဖိအားမျိုးရှိမနေဘူးလို့ အခိုင်အမာပြောကြားထားတာဖြစ်ပါတယ်။

ဂျိမ်းစ်မက်ဒီဆင်ဟာ လက်စတာစီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ်ခွဲကျန်ရှိနေသေးသူဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ ရွေးချယ်ခံထားရပေမယ့် လက်ရှိအချိန်အထိ ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခြင်းမရှိသေးသူဖြစ်ပါတယ်။



က္က