၂၀၁၇ ဩဂုတ်ကစပြီး အိမ်ကွင်းသွင်းဂိုး ၄၄ ဂိုးရှိပါပြီ။
Kyaw Ko Ko Sint

ဆာလာကတော့ ဒီရာသီ အိမကွင်း သွင်းဂိုး အများဆုံး တိုက်စစ်မှူး ဖြစ်ပြီး ၁၂ ဂိုးသွင်းယူထားတာပါ။

လီဗာပူး တိုက်စစ်မှူးမိုဟာမက် ဆာလာကတော့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီရဲ့ စံချိန်ကို မီနိုင်ဖို့ နီးစပ်နေပြီ လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



ဆာလာအနေနဲ့ ပြီးခဲ့တဲ့ ဆောက်သမ်တန်ကို ၄-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ အသင်းအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး လက်ရှိမှာ တော့ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၂ ဂိုးထိသွင်းယူပြီးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူးအသင်းအတွက် အိမ်ကွင်း အန်ဖီးလ်သွင်းဂိုး ၄၄ ဂိုးထိ သွင်းယူထားနိုင်တာကြောင့်လည်း ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်နေပါတယ်။

ဆာလာအနေနဲ့ လီဗာပူးကို စတင်ရောက်ရှိချိန် ၂၀၁၇ ဩဂုတ်လက စတင်ပြီး အိမ်ကွင်း လိဂ် သွင်းဂိုး စုစုပေါင်း ၄၄ ဂိုးရှိနေတာက ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့အတူ ယှဥ်တွဲရပ်တည်နေနိုင်ပါတယ်။

ဒီသွင်းဂိုးအရေအတွက်ကတော့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီထက် ၇ ဂိုးသာ နည်းနေတော့တာ ဖြစ်ပြီး မက်ဆီ ကတော့ ၅၁ ဂိုးသွင်းယူထားနိုင်တာပါ။



ဒီရာသီမှာဆာလာအနေနဲ့ မက်ဆီနဲ့ စံချိန် ဆင်တူနီးပါးရှိနေခဲ့ပြီး အိမ်ကွင်း ၁၁ ပွဲဆက် မက်ဆီက ၁၁ ဂိုးသွင်းယူ နိုင်ချိန် ဆာလာကလည်း အိမ်ကွင်း ၁၃ ပွဲမှာ ၁၂ဂိုးထိသွင်းယူထားနိုင်တာပါ။

ဒါကြောင့် အချိုးအရကြည့်မယ်ဆိုရင် မက်ဆီက တစ်ပွဲတစ်ဂိုးနှုန်းသွင်းထားနိုင်ပြီး ဆာလာကတော့ တစ်ပွဲ ပျမ်းမျှ ၀.၉ ဂိုးသွင်းယူထားနိုင်တာပါ။


Author


က္က