မက်ဆီကိစ္စနဲ့ပတ်သက်ပြီး မတွေးမိခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။
Pyae Phyo Thein

မက်ဆီဟာ ဘာစီလိုနာက ထွက်ခွာခွင့်တောင်းဆိုခဲ့ပြီး သူ့ကိုခေါ်ယူဖို့အတွက် မန်စီးတီးကရေပန်းစားခဲ့ကာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုပါရရှိခဲ့ပြီလို့ သတင်းတွေထွက်နေခဲ့တာဖြစ်ပါတယ်။


မန်ချက်စတာစီးတီးအသင်းကို မက်ဆီရောက်ရှိလာတော့မယ်လို့ သတင်းတွေအကြီးအကျယ်ထွက်ပေါ်ခဲ့ပြီးမှ နူးကမ့်မှာဆက်ရှိနေခဲ့တဲ့အပေါ်မှာ ဘယ်လိုမှမခံစားရဘူးလို့ မန်စီးတီးကွင်းလယ်လူဒီဘရိုင်းက ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာက ထွက်ခွာခွင့်တောင်းဆိုခဲ့ပြီး သူ့ကိုခေါ်ယူဖို့အတွက် မန်စီးတီးကရေပန်းစားခဲ့ကာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုပါရရှိခဲ့ပြီလို့ သတင်းတွေထွက်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အပြီးသတ်မှာတော့ မက်ဆီဟာ နူးကမ့်မှာပဲ ဆက်လက်ကစားဖို့ဆုံးဖြတ်ခဲ့ပြီး မန်စီးတီးရဲ့မျှော်လင့်ချက်တွေက အဆုံးသတ်သွားခဲ့ရပါတယ်။ ဒီအပေါ်မှာ သူ့ဘက်က ဂရုမစိုက်ဘူးလို့ ဒီဘရိုင်းက ပွင့်ပွင့်လင်းလင်းပဲပြောဆိုခဲ့ပြီး မက်ဆီရောက်လာခဲ့ရင်လည်း သူတို့တွေခေါ်ယူနိုင်ခဲ့ပြီဆိုတဲ့ ခံစားမှုမျိုးသာ ရှိလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ 

"ရိုးရိုးသားသားပြောရရင် ဒါကို ကျွန်တော်တွေးတောင်မတွေးထားပါဘူး၊ တကယ်လို့ သူ ရောက်လာခဲ့ရင်တောင်မှ ဒီလိုဖြစ်လာပြီဆိုတာမျိုးပဲ ကျွန်တော်တွေးမိမှာပါ၊ ကျွန်တော်တကယ်ဂရုမစိုက်ပါဘူး၊ ဂရုမစိုက်တာပါ၊ သူ အသင်းကိုရောက်လာခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ကို အများကြီးကူညီပေးနိုင်မှာပါ၊ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်အတွက် အမြဲတမ်းအကောင်းဆုံးကစားသမားဖြစ်နေလို့ပါ"

"ဒါပေမယ့်လည်း အသင်းကိုဘယ်သူတွေရောက်လာမလဲ၊ ဘာတွေဖြစ်လာမလဲဆိုတာကို ဘယ်တော့မှ ကျွန်တော်မျှော်ကြည့်လေ့မရှိပါဘူး၊ ဒီမှာရှိတဲ့ ကစားသမားတွေနဲ့ ကစားနေပြီး ဒီအသင်းက လေးစားဖို့ကောင်းတဲ့ အသင်းတစ်သင်းအဖြစ်ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်၊ အသင်းကို ကစားသမားတစ်ယောက်ရောက်လာရင် ဘာတွေဖြစ်လာမလဲဆိုတာ တွေးနေရင် ဒါက ရူးသွပ်ရာကျပါလိမ့်မယ်" လို့ ဒီဘရိုင်းက Daily Mail ကို ပြောဆိုခဲ့ပါတယ်။ 


ဒီဘရိုင်းကတော ပြီးခဲ့တဲ့ရာသီရဲ့ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး မန်စီးတီးရဲ့ အဓိကအရေးပါဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ 


Author


က္က