ဝုလ်ဗ်နဲ့ပွဲအပြီးမှာ ချီးကျူးသွားခဲ့တာပါ။
Pyae Phyo Thein

မနေ့ညက ကစားခဲ့တဲ့ လ်နဲ့ပွဲစဉ်မှာ ဒီဘရိုင်းက အသင်းအတွက် တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့ပြီးနောက် ချီးကျူးခဲ့တာပါ။ 


ဘောလုံးပွဲအစီအစဉ်တင်ဆက်သူအဖြစ်လုပ်ကိုင်နေတဲ့ လီဗာပူးလ်ကစားသမားဟောင်းကာရေဂါက မက်ဆီနဲ့ ရော်နယ်ဒိုတို့ပြီးရင် မန်စီးတီးကွင်းလယ်လူကီဗင်ဒီဘရိုင်းက အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ လ်နဲ့ပွဲစဉ်မှာ ဒီဘရိုင်းက အသင်းအတွက် တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့ပြီးနောက် ချီးကျူးခဲ့တာပါ။ 

မန်စီးတီးနည်းပြဂွာဒီယိုလာကလည်း ဒီဘရိုင်းဟာ အသင်းရဲ့အရေးအပါဆုံးကစားသမားလို့ ပွဲအပြီးမှာချီးကျူးခဲ့ပါတယ်။ ကာရေဂါက အသက် ၂၉ နှစ်အရွယ်ကစားသမားရဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်မှာအကောင်းဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ်လို့ နှစ်လိုလက်ရချီးကျူးခဲ့ပြီး ပြီးခဲ့တဲ့ရာသီက တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ထိုက်တန်စွာရရှိခဲ့တယ်လို့လည်း အသိအမှတ်ပြုခဲ့ပါတယ်။ 

"ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအကြောင်း ကျွန်တော်တို့ပြောတဲ့အချိန်မှာ ကျွန်တော်ကတော့ မက်ဆီနဲ့ ရော်နယ်ဒိုရဲ့နောက် ဒီဘရိုင်းက အကောင်းဆုံးလို့ပဲ ပြောချင်ပါတယ်၊ ကျွန်တော့်ရဲ့ အသင်းမှာ ဘယ်ကစားသမားကိုထည့်သွင်းမှာလဲမေးလာရင်လည်း သူလို့ပဲ ကျွန်တော်ပြောမှာပါ၊ သူက နံပါတ် ၁၀ နေရမာှာလည်းကစားနိုင်ပြီး သုံးယောက်တန်းတိုက်စစ်ညာခြမ်းမှာလည်း ကစားနိုင်ပါတယ်"

"ဘယ်လ်ဂျီယံမှာတော့ မာတီနက်ဇ်က သူ့ကို ကွင်းလယ်ဗဟိုမှာထားကစားခဲ့ပါတယ်၊ သူ့ရဲ့ကစားသမားဘဝကလည်း ရှည်လျားနေဦးမှာပါ၊ ဘာလို့လဲဆိုတော့ သူ့ခြေထောက်တွေနှေးကွေးလေးလံလာခဲ့ရင်တောင် ကွင်းလယ်ပိုင်း deep role နေရာမှာလည်း ကစားနိုင်သေးလို့ပါပဲ" လို့ ကာရေဂါက ချီးကျူးခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ 


"လက်ရှိအခြေအနေမှာ သူက အသင်းရဲ့ အရေးပါဆုံးကစားသမားပါ၊ သူ့ရဲ့ ပယ်နယ်တီကန်သွင်းမှုက သန်မာခဲ့ပြီး ကောင်းကောင်းလည်းကစားနို်င်ခဲ့ပါတယ်" လို့ မန်စီးတီးနည်းပြဂွာဒီယိုလာကလည်း ချီးကျူးခဲ့ပါတယ်။ 


Author


က္က