အလောင်းအစားလုပ်ခဲ့တာ အရေးနိမ့်ခဲ့လို့ပါ။
Pyae Phyo Thein

သူတို့နှစ်ဦးစလုံးဟာ လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုုင်ခဲ့သူတွေဖြစ်ပါတယ်။ ဒီအောင်မြင်မှုမှာ ရောဘတ်ဆန်က အဓိကကစားသမားအဖြစ်ပါဝင်ခဲ့ပြီးတော့ ဒီရာသီမှာ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။


လီဗာပူးလ်ကွင်းလယ်လူချိန်ဘာလိန်ဟာ အသင်းဖော်ရောဘတ်ဆန်နဲ့ အလောင်းအစားပြုလုပ်ခဲ့ရာမှာ အရေးနိမ့်သွားခဲ့ပြီဖြစ်လို့ သူ့ရဲ့နေအိမ်မှာ မက်ဆီရဲ့ဂျာစီကို မှန်ဘောင်နဲ့ထည့်သွင်းချိတ်ဆွဲထားတဲ့နေရာမှာ ရောဘတ်ဆန်ရဲ့ ဂျာစီကို အစားထိုးသွားရတော့မယ်လို့ သိရပါတယ်။ 

သူတို့နှစ်ဦးစလုံးဟာ လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုုင်ခဲ့သူတွေဖြစ်ပါတယ်။ ဒီအောင်မြင်မှုမှာ ရောဘတ်ဆန်က အဓိကကစားသမားအဖြစ်ပါဝင်ခဲ့ပြီးတော့ ဒီရာသီမှာ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကတိအတိုင်း ချိန်ဘာလိန်က ရောဘတ်ဆန်ကို ဂုဏ်ပြုတဲ့အနေနဲ့ နေအိမ်တွင်းမှာ အသင်းဖော်ဂျာစီကို ချိတ်ဆွဲထားရတော့မှာဖြစ်ပါတယ်။

"ကျွန်တော့်အိမ်အတွင်းမှာ ဂျာစီတစ်ထည်တည်းက နေရာယူခဲ့ပြီး မပြောင်းမလဲရှိခဲ့ပါတယ်၊ မက်ဆီရဲ့ ဂျာစီပါ၊ တကယ်လို့ ရောဘတ်ဆန်က ဖန်တီးမှု ၁၀ ကြိမ်လုပ်နိုင်ခဲ့ရင် အဲဒီနေရာမှာ မင်းဂျာစီကို အစားထိုးမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်၊ ဘယ်သူမှ အသင်းဖော်ရဲ့ ခေါင်းပေါ်ကို ဘောလုံးတွေအများကြီးပို့ပေးတာ ကျွန်တော်မတွေ့ခဲ့ဖူးဘူး"

"ဒါပေမယ့် အဖြေကတော့ No ဖြစ်သွားခဲ့ပါတယ်" လို့ ချိန်ဘာလိန်က ပြောခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ ရောဘတ်ဆန်ကတော့ ၁၁ ကြိမ်အထိ ဖန်တီးပေးထားနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ပေးပို့မှုတွေကို ဒေးဗစ်ဘက်ခမ်းနဲ့ နှိုင်းယှဉ်မှုတွေလည်းရှိနေခဲ့ပါတယ်။ စကော့တလန် နောက်ခံလူဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဘယ်နောက်ခံလူအဖြစ်နဲ့လည်း သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ 

ရောဘတ်ဆန်နည်းတူ ညာနောက်ခံလူဖြစ်တဲ့ အာနိုးလ်ကလည်း နောက်ခံလူတစ်ဦးအနေနဲ့ ပရီးမီးယားလိဂ်မှာ စံချိန်တင်ဖန်တီးမှုတွေကို ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ အသက် ၂၁နှစ်အရွယ် အင်္ဂလန်ကစားသမားဟာ ချယ်လ်ဆီးနဲ့ပွဲမှာလည်း လှပတဲ့အလွတ်တည်ကန်ဘောသွင်းယူမှုနဲ့အတူ ဂိုးရရှိခဲ့သူလည်းဖြစ်ပါတယ်။ 


Author


က္က