loading...

loading...

loading...

အရာအားလုံးကို လျင်လျင်မြန်မြန်လုပ်နိုင်တယ်လို့ ပြောခဲ့တာပါ။
Kg Htet

အဲဗာတန်နောက်ခံကစားသမား လူးကပ်စ်ဒစ်ဂနီဟာ ဘာစီလိုနာအသင်းမှာ ရှိခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက အကြောင်းအရာတွေကို ပြန်ပြောင်းပြောပြခဲ့ပြီး ဘလွန်းဒီအော် ၅ ဆုရှင် လီယွန်နယ်မက်ဆီနဲ့ လေ့ကျင့်ရေးပြုလုပ်ရတာ ဘာနဲ့တူလဲဆိုတာကို ဖွင့်ဟပြောကြားခဲ့ပါတယ်။

လူးကပ်စ်ဒစ်ဂနီဟာ ကစားသမားဘဝကို လိုင်လီအသင်းမှာ ချယ်ဆီးကြယ်ပွင့် အီဒင်ဟာဇက်နဲ့အတူ စတင်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဒစ်ဂနီဟာ ပီအက်စ်ဂျီအသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ရိုးမားအသင်းကို တစ်ရာသီ အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်မှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ကြယ်ပွင့်ကစားသမားတွေနဲ့အပြိုင် ပွဲထွက်ချိန်အတွက် မယှဉ်နိုင်ခဲ့ဘဲ ပြီးခဲ့တဲ့နွေရာသီမှာ အဲဗာတန်အသင်းကို ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ လူးကပ်စ်ဒစ်ဂနီဟာ အစက တိုက်စစ်မှူးအဖြစ် ကစားခဲ့သူဖြစ်ပြီး ယခုရာသီ အဲဗာတန်အသင်းအတွက် သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ထားပါတယ်။

ဒစ်ဂနီက မက်ဆီနဲ့ နူးကမ့်မှာ လေ့ကျင့်ရေးပြုလုပ်စဉ်က ၎င်း သင်ကြားခဲ့ရတဲ့ သင်ခန်းစာတွေကို ပြန်ပြောင်းပြောပြခဲ့ပြီး မက်ဆီကို ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားလို့ ပြောကြားခဲ့ပါတယ်။

“ခင်ဗျား ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားနဲ့ လေ့ကျင့်ရေးပြုလုပ်ရတဲ့အခါမှာ သင်ယူစရာအများကြီးရမှာပါ။ ဘာလို့လဲဆိုတော့ ခင်ဗျားက အကောင်းဆုံးဆိုတဲ့ကစားသမားနဲ့ ယှဉ်ပြိုင်နေရတာလေ။ ခင်ဗျား မြန်မြန်ရွေ့လျားနိုင်ဖို့လိုတယ်။ အရာအားလုံးကို လျင်လျင်မြန်မြန်နဲ့ လုပ်ဖို့နဲ့ ပိုပြီးကောင်းအောင် လုပ်ဖို့ လိုတယ်။ ခင်ဗျား တစ်စုံတရာ လွဲချော်လို့မရဘူး။ ဘာလို့လဲဆိုတော့ လေ့ကျင့်ရေးလုပ်နေတာဆိုပေမယ့်လည်း တကယ်လို့ လွဲချော်သွားရင် ဂိုးပေးလိုက်ရနိုင်လို့ပါ”

“တကယ်လို့ ခင်ဗျားက ဘယ်နောက်ခံ ဒါမှမဟုတ် ဗဟိုခံစစ်ကစားသမားဆိုရင် အဲဒီလိုမျိုး ကစားသမားနဲ့ ယှဉ်ပြိုင်ကစားရတာ တကယ်ကို ကောင်းမွန်ပါတယ်။ အားလုံးမမြင်ခင်ကတည်းက သူအရာအားလုံးကို မြင်ခဲ့ပြီးပါပြီ။ သူ အားလုံးကို လျင်လျင်မြန်မြန်နဲ့ လုပ်နိုင်တယ်။ အချိန်တိုင်းမှာ ကောင်းမွန်တဲ့ဆုံးဖြတ်ချက် သူ ချနိုင်တယ်။ သူက အကောင်းဆုံးပါပဲ”

“သူက အရမ်းကောင်းတဲ့လူတစ်ယောက်ပါ။ ကျွန်တော် ဘာစီလိုုနာကို ရောက်လာတဲ့အချိန်တုန်းက သူ ကျွန်တော့်ကို စကားပြောခဲ့တယ်။ သူ ကစားသမားအများအပြားနဲ့ စကားပြောခဲ့တယ်”လို့ Daily Star ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က