ဖူလ်ဟမ်နဲ့ပွဲမှာ ပယ်နယ်တီလွဲချော်ခဲ့ပြီးနောက် အပြောခံခဲ့ရတာပါ။
Pyae Phyo Thein

ပယ်နယ်တီကန်သွင်းဖို့ ဂစ်က တာဝန်ယူခဲ့ရပေမယ့် သူကန်သွင်းဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး လွဲချော်ခဲ့ကာ တစ်ဖက်နှစ်ဂိုးစီနဲ့သာ ယူနိုက်တက်တို့ ကျေနပ်ခဲ့ရပါတယ်။ 


၂၀၁၀ ခုနှစ်က ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ပယ်နယ်တီလွဲချော်ခဲ့ပြီးနောက် အဝတ်လဲခန်းအတွင်းမှာ ဖာဂူဆန်က သူ့ကို မင်းကိုယ်မင်းဘာကောင်ထင်နေလဲလို့ ကြိ်မ်းမောင်းခဲ့ဖူးကြောင်း နာနီကဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ နာနီက လူစားဝင်ကစားခဲ့ရတာဖြစ်ပြီး ပယ်နယ်တီကန်သွင်းဖို့ ဂစ်က တာဝန်ယူခဲ့ရပေမယ့် သူကန်သွင်းဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး လွဲချော်ခဲ့ကာ တစ်ဖက်နှစ်ဂိုးစီနဲ့သာ ယူနိုက်တက်တို့ ကျေနပ်ခဲ့ရပါတယ်။ 

ဖာဂူဆန်နဲ့ နာနီတို့ကတော့ အိမ်နီးနားချင်းတွေဖြစ်ပြီး လန်ဒန်ကနေနေအိမ်ကိုပြန်ခဲ့ရာမှာတော့ စတော့ခ်ပို့တ်ဘူတာရုံကနေ နေအိမ်အထိကို နာနီက ပြန်လည်ပို့ပေးခဲ့ပြီး တစ်လမ်းလုံးမှာ ဖာဂူဆန်က သူ့ကို စကားလုံးဝမပြောခဲ့ဘူးလို့လည်း ဖွင့်ဟသွားခဲ့ပါတယ်။ အဆိုပါအခြေအနေကြောင့် ကားထဲမှာ သူ့အတွက်တော့ သက်တောင့်သက်သာမဖြစ်ခဲ့ရဘူးလို့လည်း နာနီက ထပ်မံပြောဆိုခဲ့ပါတယ်။ 

"သူနဲ့ ကျွန်တော်က အိမ်နီးနားချင်းတွေပါ၊ လန်ဒန်ကို ကျွန်တော်တို့ ရထားနဲ့သွားခဲ့ကြပါတယ်၊ အိမ်အပြန်မှာ သူ့ကိုကားမောင်းပေးမယ့်သူမရှိတော့ ကျွန်တော်ကပဲ လိုက်ပို့ပေးဖို့ပြောခဲ့တာပါ၊ အဲဒီနေ့က ကျွန်တော့်အတွက်တော့ တကယ်ရယ်စရာကြီးပါ၊ ဖူလ်ဟမ်နဲ့ ပွဲမှာ ကျွန်တော်က အရန်ကစားသမားအဖြစ်နဲ့သာ ရှိခဲ့တာပါ"

"ကျွန်တော်ကစားခွင့်ရချိန်မှာ ယုံကြည်မှုအပြည့်နဲ့ကစားနိုင်ခဲ့ပြီး ပယ်နယ်တီရချိန်မှာ ရွိုင်ယန်ဂစ်ကန်သွင်းရမှာဖြစ်ပေမယ့် ကျွန်တော်ကန်ဖို့တောင်းဆိုခဲ့တော့ သူက ဘာမှမပြောခဲ့ဘဲ ကန်ခွင့်ပေးခဲ့ပါတယ်၊ ကျွန်တော်လွဲသွားတာပေါ့၊ အဝတ်လဲခန်းထဲလည်းရောက်ရော သူက ကျွန်တော့်ကိုသတ်တော့တာပဲ၊ နာနီ၊ မင်းကိုယ်မင်းဘာကောင်လို့ထင်နေလဲ၊ ပယ်နယ်တီကန်ဖို့ မင်းကို ဘယ်သူကခွင့်ပြုထားလို့လဲ"

"ပြီးတော့ ဂစ်ကို သူ ထပ်ကြိတ်တော့တာပဲ။ မင်းကရော ဘာလို့သူ့ကိုကန်ခွင့်ပေးလိုက်တာလဲလို့ ပြောတော့ ဂစ်က သူက ဘောလုံးယူထားတော့ ကျွန်တော်ခွင့်ပြုလိုက်တာပါတဲ့၊ အိမ်ပြန်တော့ သူ့ကို ကျွန်တော်လိုက်ပို့ပေးပါမယ်ဆိုပြီး ကားမောင်းပေးခဲ့ပါတယ်၊ တစ်လမ်းလုံးကားထဲမှာ လုံးဝစကားမပြောခဲ့ပါဘူး၊ ကျွန်တော့်အတွက်တော့ နေရထိုင်ရခက်နေခဲ့ပါတယ်" လို့ နာနီကပြောခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 


နာနီကတော့ ယူနိုက်တက်ကို စပို့တင်းလစ္စဘွန်းကနေ ပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၈ နှစ်ကြာကစားခဲ့ပါတယ်။ ဖာဂူဆန်က စရိုက်ပေါင်းစုံရှိတဲ့ ကစားသမားတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိထားသူဖြစ်တယ်လို့လည်း နာနီက ထပ်မံပြောဆိုခဲ့ပါသေးတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က