loading...

loading...

loading...

စီးတီးက ယူနိုက်တက်အတွက် အရမ်းကောင်းလွန်းနေတယ်လို့ ပြောခဲ့တာပါ။
Kg Htet

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက မန်ချက်စတာစီးတီးအသင်းကို အနိုင်ရရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကသာ အနိုင်ရရှိခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားအတွက် မျှော်လင့်ချက်ရှိလာမှာဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ မန်ချက်စတာစီးတီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းဟာ လီဗာပူးအသင်းထက် ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။

“ပွဲမတိုင်ခင်ကတည်းက အဲဒါက နောက်ဆုံးအခွင့်အရေးမဟုတ်ခဲ့ပါဘူး။ ပွဲပြီးတဲ့အခါမှာ ဘာလို့ နောက်ဆုံးအခွင့်အရေးဖြစ်ရမှာလဲ”

“ဘယ်သူကမှ အဲဒီအချိန်မှာ ယူနိုက်တက်က စီးတီးကို နာကျင်အောင်လုပ်နိုင်စွမ်းရှိတယ်လို့ တကယ်မထင်ခဲ့ကြပါဘူး။ စီးတီးက အဲဒီအတွက် အရမ်းကိုကောင်းလွန်းပါတယ်။ ကျွန်တော် တီဗီရှေ့မှာထိုင်ပြီး ကြည့်နေခဲ့ပါတယ်။ နည်းနည်းလေးမှကို စိတ်လှုပ်ရှားမနေပါဘူး။ ကျွန်တော်က ‘ဘုရားသခင်၊ ဘာလို့ ဒီလိုလုပ်လိုက်တာလဲ လင်ဂတ်’ဆိုပြီးတောင် မဖြစ်ပါဘူး”’

“ဒီလိုပွဲကို စောင့်ကြည့်ရတာ ကျွန်တော် မနှစ်သက်ပါဘူူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်လို့ပါ။ ကျွန်တော် သတင်းအချက်အလက်ရချင်တယ်။ ဒီလောက်ပါပဲ။ အရာအားလုံးက ကောင်းမွန်နေပါသေးတယ်။ တကယ်လို့ တစ်စုံတယောက်က ယုံကြည်မှုမရှိတော့ဘူးဆိုရင်တော့ ကျွန်တော်လည်း အခုအချိန်မှာ အဲဒါကို ပြောင်းလဲမပေးနိုင်ပါဘူး။ တကယ်လို့ ခင်ဗျား ယုံကြည်နေသေးတယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ကလပ်ကို ကြိုဆိုပါ။ ကျွန်တော် ဒီသုံးပွဲကို ကစားချင်ပြီး အဲဒီကနေ ဘာတွေရမလဲဆိုတာ ကြည့်ရတာပေ့ါ”

“ကျွန်တော် ၉၇ မှတ်ရချင်ပါတယ်။ တကယ်လို့ အဲဒီအမှတ်သာရခဲ့မယ်ဆိုရင် ကျွန်တော်တို့ အရမ်းကောင်းမွန်တဲ့ရာသီအဖြစ် ကစားနိုင်ခဲ့တာပါ။ ကျွန်တော်တို့အကြောင်း ဘာပဲဖြစ်ဖြစ် ဘယ်သူမဆို ပြောချင်ကြမှာပဲ။ နည်းနည်းလေးတောင် ကျွန်တော် ဂရုမစိုက်နိုင်ပါဘူး။ ဒီရမှတ်ပမာဏလောက်ရမယ်ဆိုုရင် ထူးခြားမှာပါ။ ဒါပေမယ့် လုပ်စရာအလုပ်တွေ အများကြီးရှိနေပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။


loading...

က္က