loading...

loading...

loading...

ယူနိုက်တက်အနေနဲ့ ဘာမှတတ်နိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။
Pyae Phyo Thein

လီဗာပူးလ်ဟာ လက်ရှိမှာ မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး (၂)မှတ်အသာရရှိနေတာ ဖြစ်ပါတယ်။ မန်စီးတီးကတော့ ပွဲကျန်အဖြစ် မန်ချက်စတာဒါဘီပွဲကို ကစားရမှာဖြစ်ပြီး အဆိုပါပွဲကိုအနိုင်ရပါက လီဗာပူးလ်ထက် တစ်မှတ်အသာရပြီး အမှတ်ပေးဇယားကို ဦးဆောင်

နိုင်မှာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်က ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်အတွက် လီဗာပူးလ်အသင်း ဘာမှလုပ်လို့ရမှာမဟုတ်သလို မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့လည်း အဲဒီပွဲမှာ ဘာမှတတ်နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

အဲဗာတန်ကို ယူနိုက်တက်က (၄-ဝ)နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲနဲ့ ပတ်သက်ပြီးတော့ ကလော့ပ်က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ လီဗာပူးလ်ကတော့ ကာဒစ်ကို အဝေးကွင်းမှာ (၂-ဝ)နဲ့ အနီုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရှိနေခဲ့တဲ့ အသင်းဖြစ်ပါတယ်။

လီဗာပူးလ်ဟာ လက်ရှိမှာ မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး (၂)မှတ်အသာရရှိနေတာ ဖြစ်ပါတယ်။ မန်စီးတီးကတော့ ပွဲကျန်အဖြစ် မန်ချက်စတာဒါဘီပွဲကို ကစားရမှာဖြစ်ပြီး အဆိုပါပွဲကိုအနိုင်ရပါက လီဗာပူးလ်ထက် တစ်မှတ်အသာရပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာလည်းဖြစ်ပါတယ်။ တော့တင်ဟမ်ကို အိမ်ကွင်းမှာ အနိုင်ယူခဲ့ပြီးနောက် နောက်ထပ်အရေးကြီးပွဲစဉ်တစ်ပွဲကို မန်စီးတီးတို့ ထပ်ကစားရမှာလည်း ဖြစ်ပါတယ်။

"ဒီဒါဘီပွဲကို ကျွန်တော်တို့လည်း ဘာမှလွှမ်းမိုးနိုင်စွမ်းမရှိပါဘူး၊ ယူနိုက်တက်လည်း အဲဒီပွဲကို အနိုင်ရဖို့လည်း မရှိပါဘူး၊ ဒီနေ့ပွဲဆိုရင် (အဲဗာတန်နဲ့ပွဲ) ရလဒ်က ၃-၀ လား၊ ၄-ဝလား၊ ဒါက ပုံမှန်ပွဲတစ်ပွဲပါပဲ၊ မန်စီးတီးကလည်း ဒီပွဲအတွက် အသင့်ဖြစ်နေလောက်ပါပြီ၊ ယူနိုက်တက်နဲ့ ကျွန်တော်တို့ ကစားခဲ့တုန်းက ဂိုးမရှိသရေကျခဲ့ပါတယ်၊ ဒါဘီပွဲလည်း သရေကျသွားနိုင်ပါတယ်"

"ဗုဒ္ဓဟူးနေ့ပွဲကို ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ၊ ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူးဆိုပေမယ့်လည်း ကျွန်တော်တို့မှာ ကစားရမယ့်ပွဲတွေ ရှိနေပါသေးတယ်၊ ဒီပွဲရလဒ်က ကျွန်တော်တို့အပေါ်မှာ အကျိုးသက်ရောက်မှု ရှိလာပါလိမ့်မယ်" လို့ ယာဂင်ကလော့ပ်က ပြောဆိုခဲ့ကြောင်း Sportskeeda က ရေးသားဖော်ပြခဲ့ပါတယ်။ ကလော့ပ်အနေနဲ့ ယူနိုက်တက်ကို မခံချင်အောင် ပြောဆိုပြီး ဒါဘီပွဲမှာ မန်စီးတီးဆီက ရမှတ်ရအောင် ကစားသွားဖို့ mind game ပြုလုပ်ခဲ့တယ်လို့လည်း ခန့်မှန်းရပါတယ်။

လီဗာပူးလ်ကတော့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲလည်း ကစားရဖို့ရှိနေပြီး ပြိုင်ပွဲနှစ်ခုကြားမှာ ဟန်ချက်ညီညီ ရပ်တည်နေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးကသာ လက်ကျန်ပွဲအားလုံးကို အနိုင်ရခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ဆုဖလားကို လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။ လက်ကျန်ပွဲစဉ်တွေအဖြစ် မန်စီးတီးက ယူနိုက်တက်၊ ဘန်လေ၊ လက်စတာ၊ ဘရိုက်တန်တို့နဲ့ ကစားသွားရမှာဖြစ်ပြီး မန်ချက်စတာဒါဘီပွဲကသာ အခက်ခဲဆုံးဖြစ်မယ့်ပွဲအဖြစ် ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က