loading...

loading...

loading...

အသင်းဟောင်း ၂ သင်းစလုံးအတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။
Kg Htet

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း မိုက်ကယ်အိုဝင်ဟာ ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီ ၎င်းရဲ့ကြိုတင်ခန့်မှန်းချက်ကို ပြောပြခဲ့ပြီး ၎င်းရဲ့အသင်းဟောင်း ၂ သင်းစလုံးအတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။

လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ မိုက်ကယ်အိုဝင်ဟာ နောက်ဆုံး ၈ ပွဲမှာ ၆ ပွဲအထိ ရှုံးနိမ့်ထားတဲ့ ဆိုးလ်ရှားရဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်လိမ့်မယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းအတွက် မန်ချက်စတာဒါဘီဟာ အခွင့်ကောင်းတစ်ခုဖြစ်လာနိုင်ပြီး လီဗာပူးကြယ်ပွင့် ဂျိမ်းစ်မီလ်နာကလည်း မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိစေလိုကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ တစ်ကယ်လို့ မိုက်ကယ်အိုဝင်ရဲ့ကြိုတင်ခန့်မှန်းချက်သာ မှန်ကန်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်း အမှတ်လျော့ခဲ့မယ်ဆိုရင် လီဗာပူးအသင်းဟာ မန်ချက်စတာစီးတီးအသင်းကို ၁ မှတ်အသာနဲ့ ဦးဆောင်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်မှာလည်း ဖြစ်ပါတယ်။

“စီးတီးက အိုးထရက်ဖို့ဒ်ကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲပဲ ရှုံးနိမ့်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကတော့ တနင်္ဂနွေနေ့က ဂွတ်ဒီဆင်ပတ်က ဆိုးရွားတဲ့စွမ်းဆောင်ရည်ကနေ အကောင်းဘက်ကို ပြန်လာနိုင်ဖို့လိုအပ်နေပါတယ်”

“စီးတီးကတော့ စပါးအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒီဘရိုင်းမပါဝင်ဘဲ ကစားရမှာပါ။ အဲဒါက စီးတီးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ပေမယ့် ၂ သင်းစလုံးရဲ့ အခွင့်အရေးတွေနဲ့ သွင်းဂိုးတွေကို မြင်ရမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

“ယူနိုက်တက်ကတော့ အိမ်ကွင်းမှာ ကစားခဲ့တဲ့အမှတ်ပေးဖလားပြိုင်ပွဲ နောက်ဆုံး ၁၄ ပွဲမှာ ရှုံးပွဲမရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီရာသီမှာ ပေးဂိုးမရှိတဲ့ပွဲစဉ် ၂ ပွဲပဲ ရှိပါတယ်”

“ဒီပွဲက ၂ သင်းစလုံးအတွက် ကြီးမားတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး ဒီပွဲစဉ်က ၂၀၁၈-၂၀၁၉ ပရီးမီးယားလိဂ်ဆုဖလားအတွက် တစ်သင်းသင်းရဲ့ ကံကြမ္မာကို အဓိကဆုံးဖြတ်ပေးလိမ့်မယ်လို့ ကျွန်တော် ခံစားရပါတယ်”လို့ Metro ကို ပြောကြားခဲ့ပါတယ်။


loading...

က္က