ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း စွမ်းဆောင်ချက်များကြောင့်ပါ။
Pyae Phyo Thein

အခု လက်ခံရရှိမယ့် ဘွဲ့ဟာ အဆိုပါတက္ကသိုလ်က ပေးအပ်တဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့လို့လည်းသိရသလို အသက်အငယ်ဆုံးနဲ့ လက်ခံရရှိမယ့် လူပုဂ္ဂိုလ်တစ်ဦးအဖြစ်နဲ့လည်း မှတ်တမ်းဝင်တော့မှာဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကလေးသူငယ်တွေ ငတ်မွတ်ခေါင်းပါးမှုမရှိစေရေးအတွက် လှူဒါန်းမှုပြုလုပ်ဖို့ အဓိကနေရာကနေ ပါဝင်စွမ်းဆောင်ပေးခဲ့ပြီးနောက် မန်ချက်စတာတက္ကသိုလ်က ချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ရရှိတော့မယ်လို့ သိရပါတယ်။ 

ကလေးငယ်တွေအတွက် အစားအစာအရေအတွက်ပေါင်း ၄ သန်းအထိ ရရှိအောင် ရက်ရှ်ဖို့ဒ်က ထောက်ပံပေးခဲ့တာလည်းဖြစ်ပါတယ်။ အခု လက်ခံရရှိမယ့် ဘွဲ့ဟာ အဆိုပါတက္ကသိုလ်က ပေးအပ်တဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့လို့လည်းသိရသလို အသက်အငယ်ဆုံးနဲ့ လက်ခံရရှိမယ့် လူပုဂ္ဂိုလ်တစ်ဦးအဖြစ်နဲ့လည်း မှတ်တမ်းဝင်တော့မှာဖြစ်ပါတယ်။ 

အသက် ၂၂နှစ်အရွယ် တိုက်စစ်မှူးက "ကျွန်တော်ကို်ယ်တိုင် နဲ့ ကျွန်တော့်မိသားစုအတွက် ဂုဏ်ယူရတဲ့နေ့တစ်နေ့ပါပဲ" လို့ ပြောဆိုခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်နည်းပြဟောင်းဆာအဲလက်စ်ဖာဂူဆန် နဲ့ ဆာဘော််ဘီရော့ဘ်ဆင်တို့ဟာလည်း ဒီဆုကို ယခင်က လက်ခံရရှိခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ 

"ဒီပါရဂူဘွဲ့ကို ချီးမြှင့်ခံခဲ့ရဖူးတဲ့သူတွေကို ကြည့်လိုက်မယ်ဆိုရင် တကယ်ခမ်းနားကြီးကျယ်ခဲ့တဲ့သူတွေပါပဲ၊ ကလေးငယ်တွေရဲ့ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ဖို့အတွက် ကျွန်တော်တို့သွားရမယ့်လမ်းက အဝေးကြီးရှိနေပါသေးတယ်၊ ဒါပေမယ့်လည်း ကိုယ့်မြို့၊ ကိုယ့်ရပ်ကနေ ချီးမြှင့်ခံရ၊ အသိအမှတ်ပြုခံရတာဟာ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ" လို့ ရက်ရှ်ဖို့ဒ်က ထပ်ပြောခဲ့ပါတယ်။ 


Author


က္က