ဒီကနေ့ည ကစားမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲမှာ လက်မှတ်နဲ့ ပတ်သက်ပြီး ကတောက်ကဆဖြစ်ကာ ဆူပူသူ မည်သူမဆို ပွဲကြည့်ခွင့် ဆုံးရှုံးမယ်လို့ သတိပေးထားတာပါ။
ကာရဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ကစားမယ့် ယူနိုက်တက်နဲ့ မန်စီးတီးပွဲကို လိုက်ပါအားပေး မယ့် မန်စီးတီး ပရိသတ်တွေကို အိုးထရက်ဖို့ဒ်ကွင်းဧရိယာအတွင်းဆူညံမှု ပြုလုပ်ရင် ဘယ်သူမဆို ပွဲကြည့်ခွင့် ဆုံးရှုံးမယ်လို့အိမ်ရှင် ယူနိုက်တက်အသင်းက သတင်းထုတ်ပြန်ထားတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြ လာပါတယ်။
အခု ဆုံးဖြတ်ချက်ကိုတော့ နှစ်ဖက်အသင်းသဘောတူညီမှုနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အဓိက အကြောင်းကတော့ အဝေးကွင်း မန်စီးတီး ပရိသတ်တွေအနေနဲ့ ရောင်းရန်ကျန်တဲ့ လက်မှတ်တွေကို ယူနိုက်တက် အိမ်ကွင်းနားမှာ ဝယ်ယူကြဖို့ ရှိနေလို့ သိရပါတယ်။
လက်မှတ်မရလို့ ဆူညံပူညံလုပ်ပြီး အော်ဟစ် ဆဲဆိုသူ ဘယ်သူမဆို ပွဲကြည့်ခွင့်ရမှာမဟုတ်ပဲ ကွင်းထဲမှာဆိုရင် လည်း ဆွဲထုတ်ခံရဖို့ရှိအထိ ရှိနေတာပါ။
ယူနိုက်တက်အနေနဲ့ အခုပွဲအတွက် အထူးသတိပေးချက်ကိုတော့ တစ်ရာသီလက်မှတ်ကိုင်ဆောင်ထားသူတိုင်းကို လည်း မေးလ်ကတဆင့် ပေးပို့ထားပြီးလို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
“အခုညပွဲက ဒီဖက်နှစ်ပိုင်းအတွင်း ကာရာဘောင်ဖလားမှာ ယူနိုက်တက်သမိုင်း ပရိသတ်အများဆုံးပွဲဖြစ်လာနိုင်ပါ တယ်။”လို့ ယူနိုက်တက်အသင်းက သတင်းထုတ်ပြန်ထားပါတယ်။
၂၀၁၇ တုန်းက ဟူးလ်စီးတီးနဲ့ ဆီမီးဖိုင်နယ်ပွဲကိုပရိသတ်၆၅၇၉၈ ယောက် လာရောက် အားပေးခဲ့သလို ၂၀၁၀ တုန်းကလည်း မန်စီးတီးနဲ့ပဲ ဆီမီးဖိုင်နယ်ကို ၇သောင်းခွဲနီးပါး လာရောက်အားပေးခဲ့တာပါ။
ဒါပေမယ့်လည်း ကွင်းဝင်ကြေးလက်မှတ်ဖိုး ပေါင် ၂ သိန်းဖိုးလောက် ပျောက်ဆုံးခဲ့ရပြီး ဘောက်ချာတွေ ပျောက်ဆုံး ခဲ့ရတာ ဖြစ်ပါတယ်။
အခုပွဲအတွက် အဝေးကွင်း ပရိသတ် ၃၀၀၀ စာပဲ လက်မှတ်ရထားပြီး ဇန်နဝါရီ ၂၉ မှာပြန်ကစားမယ့် ဒုတိယအကျော့အတွက်ကိုမူ ယူနိုက်တက်အတွက် ၂၉၀၀ စာပဲ လက်မှတ်ပြန်ထားရပါတယ်။
လုံခြုံရေးအရ ရဲဝန်ထမ်းတွေအပြင်၊လုံခြုံရေးဝန်ထမ်းများ၊ပရိသတ်စောင့်ကြည့်သူများကို ပုံမှန်ထက် ထပ်တိုး ချထားမယ်လို့လည်း ယူနိုက်တက် ကြေညာချက် ထုတ်ပြန်ထားပါတယ်။