ရီးရဲလ်အသင်းအနေနဲ့ စတားလင်း၊ အဂူရိုတို့ကို ခေါ်ယူလိုနေတာပါ။
Win Kyaw Min

ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံရတဲ့ပြစ်ဒဏ်ကြောင့် ထိပ်တန်းကစားသမားကောင်းအချို့ကို ဆုံးရှုံးရဖို့ရှိနေတာလည်းဖြစ်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်ကြောင့် ဖိအားအချို့ရှိလာခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ နည်းပြဂွါဒီယိုလာကို အ သင်းမှာဆက်ထိန်းထားနိုင်ခြေရှိနေပေမယ့် ထိပ်တန်းကစားသမားကောင်းအချို့ကို လက်လွှတ်ရဖို့ရှိနေပြီး အဓိ ကတောင်ပံကစားသမားစတာလင်းကို ဦးဆုံးထွက်ခွာခွင့်ပေးရဖွယ်ရှိနေတယ်လို့ dailymail ရဲ့အခို်င်အမာဖော် ပြချက်အရ သိရပါတယ်။

ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကြောင့် အခုလိုပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့အ ရေးယူမှုကိုပါခံယူရဖို့ရှိနေပြီး အဆိုးရွားဆုံးအနေနဲ့တန်းဆင်းရတဲ့အထိဖြစ်လာနိုင်တဲ့အခြေအနေမှာ စတာလင်း ရဲ့ အပြောင်းအရွှေ့သတင်းက အသင်းပရိသတ်တွေအတွက် သတင်းဆိုးတစ်ရပ်လည်းဖြစ်လာခဲ့ပါတယ်။



လက်ရှိမှာစတားလင်းကို ခေါ်ယူလိုတဲ့ ဥရောပထိပ်သီးအသင်းများစွာရှိနေခဲ့ပြီး စပိန်ထိပ်သီးကလပ်ရီးရဲလ်အသ င်းအနေနဲ့ကလည်း တရားဝင်ကမ်းလှမ်းမှုအချို့ပြုလုပ်ဖို့ အသင့်ဖြစ်နေပြီလို့ သတင်းဖော်ပြမှုများရှိလာခဲ့ပေမယ့် မန်စီးတီးအသင်းဘက်ကတော့ အပြောင်းအရွှေ့အတွက် တစ်စုံတစ်ရာအတည်ပြုခြင်းမရှိသေးပါဘူး။

သတင်းဖော်ပြမှုတွေအရ မန်စီးတီးအသင်းအနေနဲ့ ပွဲပယ်ပြစ်ဒဏ်ကို ချေဖျက်နိုင်မယ့် အယူခံအတွက်ပြင်ဆင်မှု များပြုလုပ်နေရသလို တဖက်တွင်လည်း အဓိက,ကစားသမားတွေဖြစ်တဲ့ အဂူရို၊ ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗား တို့ကို အသင်းမှာဆက်ထိန်းထားနိုင်ဖို့အတွက် အားစိုက်လုပ်ဆောင်မှုများပြုလုပ်နေရတာလည်းဖြစ်ပါတယ်။

အသင်းနဲ့နီးစပ်တဲ့သတင်းဖော်ပြမှုများအရ အဆိုးရွားဆုံးအခြေအနေကို လက်ခံရတဲ့အထိတိုင် နည်းပြဂွါဒီယို လာအနေနဲ့ အသင်းမှာသေချာပေါက်ဆက်ရှိနေမှာဖြစ်တယ်လို့ သတင်းဖော်ပြမှုများရှိနေခဲ့ပြီး ကာယကံရှင်ကို ယ်တိုင်ကလည်း အသင်းကလိုအပ်နေတဲ့အချိန်ကာလတစ်ခုအထိ ဆက်လက်ကိုယ်စားပြုပေးလိုတယ်လို့ ထု တ်ဖော်ပြောဆိုခဲ့မှုကို thesun က ကိုးကားဖော်ပြမှုများ ပြုလုပ်ထားခဲ့ပါတယ်။


Author

  • Win Kyaw Min

က္က