လက်ကျန် ၂နေရာအတွက် အသင်း ၂သင်း အပြိုင်ဖြစ်နေပါတယ်။
Pyae Phyo Thein

မန်စီးတီးအသင်းရဲ့ အယူခံအောင်မြင်ခဲ့ပြီးနောက်မှာ အဆင့်လေးနေရာအတွက် တိုက်ပွဲက ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါပြီ။ နိုင်ငံတကာအားကစားခုံရုံးက မန်စီးတီးကို အနိုင်ပေးခဲ့ပြီးနောက် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို သူတို့ဝင်ကစားခွင့်ရသွားပါပြီ။ ဂွာဒီယိုလာရဲ့ အသင်းက အယူခံအောင်မြင်ခဲ့လို့ အဆင့်ငါးနေရာရတဲ့အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက်တွေက ကုန်ဆုံးသွားခဲ့ပါပြီ။ လက်ရှိရပ်တည်မှုအရ ဘယ်အသင်းတွေ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်မလဲဆိုတာကို Daily Mail က အခုလိုပဲ သုံးသပ်သွားခဲ့ပါတယ်။


ချယ်လ်ဆီး

လက်ရှိရပ်တည်မှု - အဆင့် ၃

၆၀ မှတ် - ၃၅ ပွဲကစားပြီး


လမ်းပတ်ရဲ့အသင်းက တတိယနေရာမှာရှိနေပေမယ့်လည်း ဒီနေရာအတိုင်းပြီးဆုံးဖို့ကတော့ မလွယ်ကူလှပါဘူး။ ချယ်လ်ဆီးရဲ့ ခံစစ်ပိုင်းအားနည်းမှုတွေက ဒီပြသနာကိုဖြစ်စေခဲ့တာပါ။ မေးခွန်းထုတ်စရာလည်းဖြစ်နေပါတယ်။ မန်စီးတီးကို အနိုင်ယူအပြီးမှာ သူတို့အခြေအနေကောင်းခဲ့ပေမယ့် ဝက်စ်ဟမ်းနဲ့ ရှက်ဖီးကို အရေးနိမ့်ခဲ့တာက သူတို့ကို ခြေလှမ်းနောက်ပြန်ရောက်စေခဲ့ပါတယ်။ အခုတေ့ သူတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှန်တကယ်စွန့်စားမှုနဲ့ ရင်ဆိုင်နေရပါပြီ။ လက်စတာက သူတို့နဲ့ ပွဲတူကစားပြီး တစ်မှတ်ပဲ ကွာနေတာပါ။ ဆိုးလ်ရှားရဲ့ အသင်းက ပွဲကျန်တစ်ပွဲရှိနေပြီး ၂မှတ်သာ ကွာနေတာပါ။ ချယ်လ်ဆီးက နော်ဝှစ်ချ်နဲ့ နောက်ပွဲကစားရမှာဖြစ်ပြီး သူတို့က တန်းဆင်းပြီးသားအသင်ဖြစ်နေလို့ သေချာပေါက် ၃ မှတ်ရနိုင်ပါတယ်။ နောက်ပွဲကတော့ ချန်ပီယံလီဗာပူးလ်၊ ပြီးရင် ဝုလ်ဗ်တို့နဲ့ပါ။ ဝုလ်ဗ်နဲ့ပွဲက အဆုံးအဖြတ်ဖြစ်လာဖို့ရှိနေပြီးတော့ အဲဒီပွဲက မျှော်လင့်ချက်ပွဲပါပဲ။ 


ခန့်မှန်းချက် - ၆၄ မှတ်

အဆင့် - ၄


လက်စတာစီးတီး

လက်ရှိရပ်တည်မှု - အဆင့် ၄

၅၉ မှတ် - ၃၅ပွဲကစားပြီး


တကယ်လို့ ချယ်လ်ဆီးက တုန်လှုပ်ချောက်ချားဖွယ်အဖြစ်အပျက်တစ်ခုကို မြင်တွေ့နေရပြီဆိုရင် ဘရန်ဒန်ရော်ဂျာရဲ့အသင်းက တုန်လှုပ်မှုအတွက်ကြောင့် တုန်ခါနေတယ်လို့ ဆိုရပါမယ်။ ရာသီတစ်လျှောက်လုံး အကောင်းဆုံးဖြစ်နေခဲ့တဲ့ မြေခွေးတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားခဲ့ရပြီး ပြန်ကစားချိန်မှာတော့ ရလဒ်တွေက ဆက်တိုက်ဆိုးနေခဲ့ပြီး ထိပ်ဆုံးလေးသင်းစာရင်းက ပြုတ်ကျဖို့တောင် ရှိလာပါပြီ။ သူတို့ရဲ့ ရလဒ်တွေကို ကြည့်မယ်ဆိုရင် ထိတ်လန့်စရာကောင်းနေခဲ့ပြီး တန်းဆင်းဇုန်ထဲက ဘုန်းမောက်ကိုတောင် လေးဂိုးအထိ ပေးခဲ့ရပြီး ရှုံးခဲ့ပါတယ်။ အားထားရတဲ့ နောက်ခံလူဆိုယွန်ကူကလည်း ရာသီကုန်ပွဲပယ်ခံခဲ့ရပြီးတော့ ပြန်ကစားချိန်ကစပြီး တစ်ပွဲသာနိုင်ခဲ့ပါတယ်။ ဗာဒီက ဂိုးအများဆုံးသွင်းထားသူဖြစ်နေပေမယ့် လက်စတာရဲ့ အနေအထားက ချန်ပီယံလိဂ်အိပ်မက်ကို ဆုံးရှုံးဖို့တောင် ဖြစ်လာပါတယ်။ ရှက်ဖီးနဲ့ပွဲက မျှော်လင့်ချက်ဖြစ်ပြီး ရာသီနောက်ဆုံးပွဲက ယူနိုက်တက်နဲ့ဖြစ်နေလို့ တကယ်မလွယ်ကူပါဘူး။


ခန့်မှန်းချက် - ၆၃ မှတ်

အဆင့် - ၅


မန်ချက်စတာယူနိုက်တက်

လက်ရှိရပ်တည်မှု - အဆင့် ၅

၅၈ မှတ် - ၃၄ ပွဲကစားပြီး


ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရဖို့ လူကြိုက်အများဆုံးအသင်းဖြစ်နေပါလိမ့်မယ်။ သူတို့ရဲ့ ရပ်တည်မှုက ပြိုင်ဘက်ကောင်းအဖြစ်ရှိလာခဲ့ပြီးနောက်မှာ လူကြိုက်ပိုများလာမှာပါ။ ဆိုးလ်ရှားရဲ့ အသင်းဟာ အဆင့် ၃နေရာနဲ့ ရာသီကုန်ဆုံးဖို့အတွက်ကို တော်တော်လေးမျှော်လင့်လာနိုင်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ကိုခေါ်ယူခဲ့မှုက အပြောင်းအလဲတွေဖြစ်ခဲ့ပြီး ပေါ့ဂ်ဘာက ပြန်ကစားနိုင်ခဲ့လို့ ရှေ့တန်းက ဂိုးတွေအများအပြားရခဲ့ပြီး နိုင်ပွဲပြီးနိုင်ပွဲဖြစ်ခဲ့ပါတယ်။ ပြန်ကစားချိန်ကစပြီး အခုထိ ရှုံးပွဲမရှိသေးဘဲ ရမှတ်ကလည်း ၂မှတ်သာလျော့ခဲ့ပါတယ်။ လက်ကျန်ပွဲတွေကို ကြည့်မယ်ဆိုရင် ပြိုင်ဘက်တွေကလည်း လွယ်ကူတဲ့အသင်းတွေဖြစ်နေပါတယ်။ သူတို့ရဲ့ ပွဲကျန် ဆောက်သမ်တန်ကို အနိုင်ကစားခဲ့မယ်ဆိုရင် ထိပ်ဆုံးလေးသင်းဝင်ဖို့ အကောင်းဆုံးအခြေအနေဖြစ်သွားပါပြီ။ ပြီးရင် ပဲလေ့စ်၊ ဝက်စ်ဟမ်းတို့နဲ့ပွဲတွေက သူတို့အတွက် လွယ်ကူမှာပါ။


ခန့်မှန်းချက် - ၆၆ မှတ်

အဆင့် - ၄


Author


က္က