ဒီနေ့မှာပဲ အယူခံအောင်မြင်ခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ပိတ်ပင်ခံထားရမှုပြစ်ဒဏ်အပေါ် အယူခံဝင်ခဲ့မှုဟာ အောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီင်္နေ့မှာ နိုင်ငံတကာအားကစားခုံရုံးက အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး မူလပိတ်ပင်ခံထားရတဲ့ ၂နှစ် နဲ့ ဒဏ်ကြေးငွေယူရိုသန်း ၃၀တို့မှာ ဝင်ခွင့်ပိတ်ပင်ခံရမှုကို ပယ်ဖျက်ခဲ့သလို လျော်ကြေးကိုလည်း ယူရို ၁ဝသန်းအထိ လျှော့ချပေးခဲ့ပါတယ်။

ဒါဟာ နည်းပြဂွာဒီယိုလာနဲ့ အသင်းသားတွေ၊ ကလပ်အသင်း၊ ကလပ်အသင်းပရိသတ်တွေရဲ့ အောင်ပွဲဖြစ်တယ်လို့ Sky Sports က ဖော်ပြခဲ့ပြီး ဒီဆုံးဖြတ်ချက်ဟာ မန်စီင်္းတီးအတွက်တော့ ကြီးမားတဲ့ဆုံးဖြတ်ချက်ကို တွေ့ကြုံခံစားခဲ့ရတာလို့လည်း ဖော်ပြခဲ့ပါတယ်။ ဘဏ္ဍာရေးမျှတစွာကစားရေးစည်းမျဉ်းကို ဖောက်ဖျက်ခဲ့တယ်လို့ တွေ့ရှိခဲ့ရပြီးနောက်မှာ ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီအတွက် သက်သေအထောက်အထားတွေကို ရှာဖွေစုဆောင်းခဲ့ပြီး နိုင်ငံတကာအားကစားခုံရုံးကို အယူခံဝင်ခဲ့တာဖြစ်ပါတယ်။ သက်သေတွေကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက်မှာ အခုလိုမျိုး ပယ်ဖျက်ခံခဲ့ရတာဖြစ်ပြီးတော့ မန်စီးတီးနည်းပြဂွာဒီယိုလာက "ဒီနေ့ကတော့ ကျွန်တော်တို့ရဲ့ မယုံကြည်နိုင်စရာစိန်ခေါ်မှုတစ်ခုကို အောင်မြင်ခဲ့တာပါပဲ"

" ကျွန်တော့်ကစားသမားတွေက ဒီပြိုင်ပွဲမှာ ကစားနိုင်ဖို့အတွက် အနည်းဆုံးခြောက်နှစ်၊ ခုနှစ်နှစ်လောက် အလုပ်လုပ်ခဲ့ရတာပါ၊ ဒီဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့ထိုက်တန်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကွင်းအတွငး်မှာ အောင်မြင်မှုတွေရခဲ့လို့ပါ၊ တနလာင်္နေ့မှာ ယူအီးအက်ဖ်အေက ကျွန်တော်တို့ကို ခွင့်ပြုမယ်လို့လည်း မျှော်လင့်ပါတယ်၊ ကစားသမားတွေအတွက်လည်း ထိုက်တန်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

နိုင်ငံတကာအားကစားခုံရုံးကလည်း "ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးထိန်းချုပ်ရေးအဖွဲ့အစည်းရဲ့ တင်ပြခဲ့မှုတွေကို တရားဝင်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်၊ ဒီစစ်ဆေးမှုတွေမှာဆိုရင် မရိုးမသားဖုံးကွယ်ထားခြင်းနဲ့ ပတ်သက်တဲ့စွဲချက်ထက် စုံစမ်းစစ်ဆေးရဲ့အဖွဲ့ ပိတ်ဆို့မှုက ပိုပြိးတော့ထင်ရှားနေခဲ့ပါတယ်၊ သူတို့ရဲ့စစ်ဆေးမှုတွေနဲ့အတူ မန်စီးတီးရဲ့ ပူးပေါင်းပါဝင်မှုပျက်ကွက်ခဲ့တာတွေက သူတို့ကို ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ဖို့အတွက် သင့်တော်မှုမရှိခဲ့ပါဘူး"

မန်စီးတီးရဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို စစ်ဆေးစဉ်းစားခြင်း၊ CFCB (ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးထိန်းချုပ်မှုအဖွဲ့) က ပြုလုပ်တဲ့ စုံစမ်းမှုတွေမှာ ကလပ်အသင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးပါမှု၊ ဒီစစ်ဆေးမှုအပေါ်မှာ ကလပ်အသင်းရဲ့ မလေးမစားပြုခဲ့မှုတွေကတော့ ဒဏ်ငွေချမှတ်ဖို့အတွက် သင့်တော်ခဲ့ပါတယ်" လို့ နိုင်ငံတကာအားကစားခုံရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နိုင်ငံတကာအားကစားခုံရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ လက်ရှိမှာ ဝေဖန်ပြောဆိုမှုတွေလည်းရှိနေခဲ့ပြီး အနာဂတ်မှာ FFP စည်းမျဉ်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေရှိလာလိမ့်မယ်လို့ Sky Sports သတင်းထောက် Kaveh Solhekol က သုံးသပ်ပြောဆိုခဲ့ပါတယ်။ 


Author


က္က