ဒီည ၈ နာရီခွဲမှာ အိမ်ကွင်း လက်ခံကစားမှာပါ။
Kyaw Ko Ko Sint

အဲဗာတန် ပရိသတ်တွေက မန်စီးတီးကို အနိုင်ပေးလိုက်ပါလို့ မက်ဆေ့ တွေပေးပို့ပေမယ့် မိမိဟာ ပရော်ဖက်ရှင်နယ် ပီသတဲ့ ကစားသမားဖြစ်လို့ မန်စီးတီးကို အနိုင် ကစားသွားမှာဖြစ်ကြောင်း အဲဗာတန် ကစားသမားဟောင်း ဒက်ဖီက ထုတ်ဖော်ပြောလိုက်တာပါ။

ဒီကနေ့ညမှာ မန်စီးတီးအသင်းရဲ့ အောင်ပွဲခံ ပါတီကို ဖျက်ဆီးရမယ့်အပေါ် မိမိတို့ ဘရိုက်တန် အသင်းအနေနဲ့ စိတ်လှုပ်ရှားနေတယ်လို့ နောက်ခံလူ ရှိန်းဒက်ဖီက ထုတ်ဖော်ပြောခဲ့တဲ့အကြောင်း 90 MIN က ဖော်ပြလာပါတယ်။



ဒက်ဖီက ဒီနှစ် ဘရိုက်တန်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုု ရရှိထားသူ ဖြစ်ပြီး အဲဗာတန်အသင်းမှာ ၅ နှစ်ကြာ ကျင်လည်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဗာတန် ပရိသတ်တွေက မန်စီးတီးကို ဆုဖလားရစေချင်တဲ့အပေါ်မှာတော့ ဒက်ဖီက ငြင်း ဆန်ခဲ့ပြီး ဒီညမှာ မန်စီးတီးအသင်းရဲ့ အောင်ပွဲခံမယ့် ပါတီပွဲကို ဘရိုက်တန်အသင်းနဲ့အတူူ ဖျက်ဆီးမယ်လို့ ကြုံးဝါးခဲ့တာပါ။

ဘရိုက်တန်အသင်းဟာ ဒီနှစ်မှာ တန်းဆင်းဇုန် အန္တရာယ်ကနေ လွတ်မြောက်သွားပြီ ဖြစ်တာကြောင့်ဒီကနေ့ည ကစားမယ့် မန်စီးတီးနဲ့ပွဲမှာ ဖိအားကင်းစင်လျက်ရှိနေမှာပါ။

“ မန်စီးတီးရဲ့ ပါတီကို ဖျက်ဆီးဖိုု့ ဘရိုက်တန် တစ်သင်းလုံး စိတ်လှုပ်ရှားနေပါပြီ၊အဲဗာတန် ပရိသတ်အချို့ရဲ့ ပေးပို့စာအချို့ကိုတော့ ကျွန်တော်လက်ခံရရှိပါတယ်၊သူတို့က မန်စီးတီးကို အနိုင်ရစေချင်ကြတာပါ။ဒါပေမယ့် ကျွန်တော်က ပရော်ဖက်ရှင်နယ်ဆန်စွာပဲ ကစားမှာပါ၊အကြောင်းကတော့ ကျွန်တော်က အခု အဲဗာတန်သားမဟုတ်ပါဘူး၊ဘရိုက်တန် ကစားသမားတစ်ဦးဖြစ်ပြီး ဒီပွဲစဉ်ကို ပရော်ဖက်ရှင် နယ်ဆန်စွာ အသင်းနိုင်ပွဲအတွက် အားထုတ်ကစားမှာပါ။” လို့ ဒက်ဖီက ဂါးဒီးယန်း သတင်းဌာနကို ပြောသွားတာပါ။

ဘရိုက်တန်အသင်းကတော့ ဒီည မြန်မာစံတော်ချိန် ၈ နာရီခွဲမှာ မန်စီးတီးကို အိမ်ကွင်းဧည့်ခံ ကစားမှာ ဖြစ်ပြီး မန်စီးတီးကတော့ ချန်ပီယံဖြစ်ဖို့ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က