အယူခံအောင်ခြင်း မအောင်ခြင်းကို ‌စောင့်ကြည့်ရမှာပါ။

UEFAက မန်စီးတီးကို ဥရောပပြိုင်ပွဲကစားခွင့် ၂ နှစ်ပိတ်ပင်လိုက်တာကြောင့် ချန်ပီယံလိဂ် ကစားခွင့်ရတဲ့အပေါ် ရရှိမယ့် အပိုဆု ပေါင် ၃သန်း ဆုံးရှုံးတော့မှာပါ။

But Belgium international De Bruyne will take a significant financial hit if the ban is reinforced



ဥရောပဘောလုံးအဖွဲ့ချုပ်က မန်စီးတီးကို ဥရောပပွဲကစားခွင့် ၂ နှစ်ပိတ်ပင်လိုက်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် မန်စီးတီးအသင်းအနေနဲ့ ဒီပြစ်ဒဏ်အပေါ် အယူခံဝင်ခွင့်ရှိနေပါသေးတယ်။



ဒါပေမယ့် အယူခံ မအောင်မြင်လို့ သေချာပေါက် ပြစ်ဒဏ်ကျခံရပြီဆိုရင်တော့ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်တဲ့ ဒီဘရိုင်းလည်း ပေါင် ၃ သန်း နစ်နာဖို့ ရှိတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

ဒီဘရိုင်းအနေနဲ့ တစ်နှစ်ကို လုပ်ခ ပေါင် ၁.၂၅သန်းကနေ ၁.၅သန်းကြား ရရှိနေတာ ဖြစ်ပြီး ဒီဝင်ငွေက အခြေခံ လစာအပေါ် ဥရောပဖလား ကစားခွင့်ရနေခြင်းရဲ့ အပိုဆုလည်း ပါဝင်နေတာပါ။

A number of the clubs stars have been linked with moves away since news of the ban broke

အခု ကစားနေတဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းမှာသာ ချန်ပီယံလိဂ်မှာ အောင်မြင်မှု ရခဲ့မယ်ဆိုရင် ဒီဘရိုင်းဟာ လစာရဲ့ အပိုဆု ပေါင် ၁ သန်းထိ ထပ်မံ ရရှိအုံးမှာပါ။

ဒါပေမယ့်လည်း ဥရောပ ဘောလုံးအဖွဲ့ချုပ်က မန်စီးတီးကို ၂၀၁၂ ကနေ ၂၀၁၆ အတွင်း ဘဏ္ဍာရေး အသုံးစရိတ် မျှခြေ မဖြစ်မှုကြောင့် လာမယ့်နှစ်က စတင်ပြီး ဥရောပပွဲ ၂ နှစ်ပိတ်ပင်လိုက်တာနဲ့အညီ ဒီဘရိုင်းလည်း ဝင်‌ငွေရဲ့ ၁၀ ရာခိုင်နှုန်း နစ်နာတော့မှာပါ။

လက်ရှိမှာတော့ ဒီဘရိုင်းအပါအဝင် မန်စီးတီးရဲ့ အဓိက ကစားသမားအချို့ကလည်း အသင်းပြောင်းတော့မယ်လို့ သတင်းတွေ ထွက်နေပြီး အသင်းရဲ့ နည်းပြကိုယ်တိုင်ပါ အသင်းပြောင်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က