မနှစ်က ဂီတာဖေးမှာ အငှားနဲ့ သွားရောက်စဉ် အသင်းကို အဆင့် ၅ မှာရပ်တည်နိုုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၈မိနစ်အတွင်း ၅ ဂိုးပြတ်အရေးနိမ့်ချိန် ဘောလုံး ၉ ချက်သာ ထိနိုင်သေးတဲ့ ဖော်ကွီယာကို နည်းပြ ဆန်းချက်က ပါရဲရားနဲ့ ပွဲချိန် ၃၄ မိနစ်မှာလူစားလဲလိုက်တာပါ။

မန်စီးတီးကို ၈ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၆)မှာတော့ ဝက်ဖို့ဒ်အသင်းရဲ့ ပြင်သစ်နောက်ခံလူ ဖော်ကွီယာအနေနဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ဘောလုံး ၉ ချက်သာ ထိခဲ့ပြီး လူစားလဲခံရတဲ့အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။





မန်စီးတီးအသင်းအနေနဲ့ ဝက်ဖို့ဒ်အသင်းဖက်ကို ၁၈ မိနစ်အတွင်း ၅ ဂိုးထိသွင်းယူထားနိုင်ခဲ့တာကြောင့် နည်းပြ ဆန်းချက်က ဖော်ကွီယာကို ပွဲကစားချိန်၃၄ မိနစ်အရောက်မှာ ပါရဲရားနဲ့ လူစားလဲခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ဝက်ဖို့ဒ်အသင်းကို ရောက်လာတဲ့ ဒီမီထရီအနေနဲ့ အသင်းရဲ့ ပထမဦးစားပေး ကစားသမား ဖြစ်လာဖို့ ၂ ရာသီလောက်စောင့်ခဲ့ရပြီးထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ ဂျာဗီယာဂါစီယာလက်ထက်မှာ တစ်ပွဲသာ ကစားခွင့်ကြုံခဲ့တယ်လို့လည်းသိရပါတယ်။

ယခုနှစ် ဝက်ဖို့ဒ်ကို ပြန်မရောက်ခင် စထရက်ဘော့ဂျ်နဲ့ဂီတာဖေးအသင်းတွေကို နှစ်ရာသီကြာ အငှား သွားရောက်ကစးခဲ့ရပြီး ယခုနှစ်မှာမှ ဝက်ဖို့ဒ်အသင်းရဲ့ ပြန်လည်ခေါ်ယူခြင်းကိုခံရတာပါ။

ဂီတာဖေးအသင်း လာလီဂါမှာ အဆင့် ၅ ရပ်တည်နိုင်အောင် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဖော်ကွီယာ အနေနဲ့ ပရီးမီးယားလိဂ်မှာ အခုလို အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့တာကတော့ အခြားကစားသမားတွေကြား ပထမ ဆုံးလည်း ဖြစ်လာခဲ့ပါတယ်။

ဝက်ဖို့ဒ်အသင်းကတော့ မန်စီးတီးကို ဂိုးပြတ်အရေးနိမ့်မှုနဲ့အတူ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရပ်တည် နေရပြီး မန်စီးတီးအသင်းကတော့ ထိပ်ဆုံးက လီဗာပူးနဲ့အမှတ်ကပ်ထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က