loading...

loading...

loading...

တနင်္ဂနွေနေ့မှာ မန်ချက်စတာဒါဘီပွဲကစားရတော့မှာပါ။
Pyae Phyo Thein

ယူနိုက်တက်အနေနဲ့ ယူရိုပါလိဂ်ပွဲကစားရတာကြောင့် ပွဲစဉ်တော်တော်များများကို သောကြာနေ့မှာကစားခဲ့ရပြီး နောက်ထပ်ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ မကြာခဏကစားခဲ့ရတာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြဆိုးလ်ရှားက တနင်္ဂနွေနေ့မှာကစားရမယ့် မန်ချက်စတာဒါဘီပွဲအတွက် အနားယူချိန်လုံလုံလောက်လောက်မရရှိတာကြောင့် ပွဲစဉ်ဇယားရေးဆွဲထားမှုအပေါ်မှာ ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ မန်စီးတီးက အနားယူချိန်ပိုမိုရရှိထားလို့ ယူနိုက်တက်ထက် အားသာချက်တစ်ခုအဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ယူရိုပါလိဂ်ပွဲကစားရတာကြောင့် ပွဲစဉ်တော်တော်များများကို သောကြာနေ့မှာကစားခဲ့ရပြီး နောက်ထပ်ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ မကြာခဏကစားခဲ့ရတာဖြစ်ပါတယ်။ ဒီအတွက် လုံလောက်တဲ့ပြင်ဆင်မှုရရှိဖို့ ခက်ခဲနေခဲ့ပြီး စည်းမျဉ်းစည်းကမ်းအရကစားရတာဖြစ်ပေမယ့် ပြည်တွင်းပွဲစဉ်တွေကစားရချိန်မှာတော့ ကစားသမားတွေဆီက စွမ်းဆောင်ရည်အပြည့်အဝရရှိဖို့က ခက်ခဲခဲ့ပါတယ်။ 

အခုလည်း မန်ချက်စတာဒါဘီပွဲကစားရမယ့်အချိန်မှာ မန်စီးတီးက တစ်ရက်စောကစားထားရလို့ အနားယူချိန်ပိုမိုရရှိထားပြီး ယူနိုက်တက်ကတော့ အဝေးကွင်းပွဲသွားကစားထားရလို့ လုံလောက်တဲ့အချိန်မရရှိတဲ့အပေါ် ဆိုးလ်ရှားက ဒေါသထွက်နေခဲ့ပါတယ်။ ဒီအတွက် အက်ဖ်အေရဲ့ ပွဲစဉ်ဇယားရေးဆွဲထားမှုအပေါ်မှာ ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ 

"အက်ဖ်အေဆီက ကျွန်တော်တို့ အခုလိုအကူအညီတွေရထားပါတယ်၊ မန်စီးတီးကတော့ ၂၄ နာရီလောက်အနားယူချိန်ပိုရထားပါတယ်၊ တနင်္ဂနွေနေ့မှာ ဒါဘီပွဲကစားဖို့ရှိနေပေမယ့် ကြာသပတေးနေ့ညမှာ ကျွန်တော်တို့ပွဲကစားရတာက မယုံကြည်နိုင်စရာပါ၊ ဒါကဘာကိုဆိုလိုချင်တာလဲ?"

"ကျွန်တော်တို့ကစားနေရတဲ့ အဆင့်နဲ့လည်း ကိုက်ညီမှုမရှိပါဘူး၊ မန်စီးတီးကိုနောက်ဆုံးအနိုင််ရခဲ့တုန်းကလည်း ဒီလိုပါပဲ၊ ကျွန်တော်တို့ ဗုဒ္ဓဟူုးနေ့မှာကစားခဲ့ရပြီး သူတို့ကအင်္ဂါနေ့မှာကစားခဲ့ရပါတယ်၊ ဒီအတွက် ကျွန်တော်တို့စောဒကတက်နိုင်မယ်လို့လည်းမထင်ပါဘူး၊ ဒီအတွက်လည်း ကျွန်တော်တို့အကူအညီရမှာမဟုတ်ပါဘူး" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


loading...

က္က