loading...

loading...

loading...

ဖောင်လာက စိတ်ဓာတ်ပိုင်းလှုံ့ဆော်မှု လုပ်ခဲ့သလား ထင်စရာပါ။
Pyae Phyo Thein

ဖောင်လာကတော့ သြစတြေးလျကလပ် ဘရစ်စ်ဘိန်းရိုအာအသင်းရဲ့ နည်းပြအစြဖ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး နည်းပြသစ်အဖြစ် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းကြီး ရော်ဘီဖောင်လာက မန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်အနေနဲ့ မန်စီးတီးကို ရပ်တန့်နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ဖောင်လာက သူ့ရဲ့ ပြိုင်ဘက်အသင်းဟောင်းအနေနဲ့ တစ်ခုခုတော့လုပ်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်းပြောခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။

မန်စီးတီး နဲ့ ယူနိုက်တက်တို့ရဲ့ ပွဲမှာ မန်စီးတီးအနေနဲ့ ရမှတ်လျော့ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ဖို့ လီဗာပူးလ်အတွက် အခွင့်အလမ်းသာသွားမှာဖြစ်ပြီး မန်စီးတီးက အနိုင်ရသွားခဲ့မယ်ဆိုရင် လီဗာပူးလ်နဲ့ ပွဲအရေအတွက်တူညီကာ တစ်မှတ်အသာရသွားမှာဖြစ်ပြီး လက်ကျန် (၃)ပွဲက အဆုံးအဖြတ်ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

"လီဗာပူးလ်အသင်းပေါ်မှာ ကျွန်တော် ဘယ်လောက်သစ္စာရှိလဲဆိုတာကို လူတိုင်းသိပါတယ်၊ ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒီပွဲမှာ မန်စီးတီးကို အခက်အခဲတွေနဲ့ ရင်ဆိုင်စေချင်မိပါတယ်၊ ဘာလို့လဲဆိုတော့ မန်စီးတီးက ယူနိုက်တက်ကို အနိုင်ရသွားနိုင်တယ်လို့ ခံစားနေမိလို့ပါ၊ သူတို့က လေးပွဲကစားဖို့ ကျန်နေသေးပြီး အဲဒီလေးပွဲလုံးကို အနိုင်ကစားနိုင်စွမ်းရှိပါတယ်"

"ခင်ဗျားနှစ်သက်မယ်ဆိုရင်တော့ ဒီလိုအချိန်မှာ စိတ်ပိုင်းဆိုင်ရာစစ်ဆင်မှုကို နည်းနည်းလောက်တော့ လုပ်ရမှာပါ၊ လီဗာပူးလ်အတွက် ယူနိုက်တက်က အနိုင်ကစားပေးဖို့ လိုတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမယ့် လက်ရှိပုံစံအရတော့ သူတို့အနိုင်ရမှာမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်၊ ဒါပေမယ့် မထင်မှတ်တာတွေ ဖြစ်လာနိုင်ပါသေးတယ်" လို့ ဖောင်လာက ပြောသွားခဲ့ပါတယ်။

ဖောင်လာကတော့ သြစတြေးလျကလပ် ဘရစ်စ်ဘိန်းရိုအာအသင်းရဲ့ နည်းပြအစြဖ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး နည်းပြသစ်အဖြစ် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။ မန်ချက်စတာဒါဘီပွဲစဉ်ကိုတော့ ဗုဒ္ဓဟူးနေ့မှာ ကစားသွားမှာဖြစ်ပြီး ဖောင်လာမျှော်လင့်ထားသလို ယူနိုက်တက်က အနိုင်ကစားသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။


loading...

က္က