ပြီးခဲ့တဲ့နွေရာသီတုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။

ဘိုင်ယန်မြူးနစ်ဥက္ကဌ အူလီဟိုးနက်စ်က လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘိုင်ယန်မြူးနစ်က မန်ချက်စတာစီးတီးကြယ်ပွင့် ဆာနေးကို နောက်ထပ်ချဉ်းကပ်မှု ထပ်မံပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ကြောင်း Goal.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဆာနေးကို ခေါ်ယူဖို့ သတင်းတွေအခိုင်အမာထွက်ပေါ်ခဲ့ပေမယ့် သြဂုတ်လမှာ လီဗာပူးနဲ့ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲမှာ ဆာနေး ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် ခေါ်ယူမယ့်အစီအစဉ်ကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းက မန်စီးတီးတောင်ပံကြယ်ပွင့် ဆာနေးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ အူလီဟိုးနက်စ်က ပြောကြားခဲ့တာဖြစ်ပြီး လာမယ့်ဇန်နဝါရီလမှာ ဆာနေးကို ထပ်မံချဉ်းကပ်ဖို့ အစီအစဉ်ဆွဲနေတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာနေးဟာ မန်ချက်စတာစီးတီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ဘာနာဒိုဆေးလ်ဗား၊ စတားလင်းတို့နဲ့ ယှဉ်ပြိုင်နေရသူဖြစ်ပြီး မွေးရပ်မြေ ဂျာမနီကို ပြန်လည်သွားရောက်ကစားလိုနေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။



လက်ရှိအချိန်မှာတော့ ဆာနေးဟာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့အတွက် ခရီးရှည်ကြီး ကျန်ရှိနေသေးပေမယ့် လာမယ့် ၂၀၂၀ ခုနှစ်မှာအစမှာ ပြန်လည်ကြံ့ခိုင်မှုပြည့်ဝလာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဆာနေးရဲ့အခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး ဘိုင်ယန်မြူးနစ်အသင်းက အခြေအနေပေါ်မူတည်ပြီး ဆာနေးအပေါ် စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းပြီး တရားဝင်ချဉ်းကပ်မှု ပြုလုပ်ဖို့ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။



က္က